အပိုင်း (၉၈) ငါ့ဆီ ဒီလိုပုံတွေထပ်မပို့နဲ့

1.3K 148 1
                                    

အပိုင်း (၉၈) ငါ့ဆီ ဒီလိုပုံတွေထပ်မပို့နဲ့

ထိုစကားကို ကြားလိုက်ပြီးနောက် ဟယ်ဟုန်ဟွာ၏ မျက်လုံးများက တလက်လက် တောက်ပလာတော့၏။

" ကျို့လေး ဒီလိုနည်းလမ်းမျိုးကို သမီးဘယ်လိုသိလဲ၊ ဒီလိုနည်းလမ်းနဲ့ဆို အမေတို့ကုမ္ပဏီကို အနာဂတ်မှာ ဆက်လက်ထိန်းသိမ်းထားလို့ရမှာပဲ"

ဖူကျို့က ဘာမှမပြောပေ။

ထိုအစား သူမဟာ ပြုံးရုံလောက်သာ ပြုံးလိုက်လေသည် ။

မကြာခင်မှာပဲ ဟယ်ဟုန်ဟွာဟာ တစ်စုံတစ်ခုကိုတွေးမိပြီးတော့ မျက်မှောင်ကြုံ့လိုက်ပေသည်။

"ဒါပေမဲ့ ဒီSpade Zက အမေတို့ကုမ္ပဏီမှာ တကယ်မရှိဘူးလေ အမေတို့ လူတွေကိုလိမ်လို့မဖြစ်ဘူး

"အမေ ဒီဟာက ဘယ်လိုလုပ်ပြီး လိမ်ညာတာဖြစ်မှာလဲ "

ဖူကျို့က သူမအမေ၏ပခုံးကို လက်ဖြင့် ခပ်ဖွဖွလေး ပုတ်လိုက်ပြီး အသံတိုးတိုးလေး ပြောလိုက်သည်။

"သမီးလည်း ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရတာပဲလေ Spade Zက သမီးတို့နဲ့ တူတူ ရှိနေတယ်လို့ ပြောလိုက်တယ် ဆိုတည်းက ပြိုင်ပွဲနေ့ကျရင် သူသေချာပေါက်ပေါ်လာမှာပဲ၊ သူ့ပုံရိပ်ကို သူအထိခိုက်ခံပါ့မလား အဲ့တာကြောင့် စိတ်မပူပါနဲ့ သူသေချာပေါက်ပေါ်လာမှာပါ အဲဒီတော့ အခုပဲသွားပြီးတော့ မီဒီယာတွေကိုသွားကိုင်တွယ်လိုက်တော့နော် "

ဟယ်ဟုန်ဟွာဟာ သူမသမီးပြောတာကိုနားထောင်ပြီးတော့ မီဒီယာတစ်ခုမှ သူမသူငယ်ချင်းကို ချက်ချင်းပင် ဖုန်းသွားဆက်လေတော့သည်။

ချန်ရှောင်တုံးက သူ့သခင်လေး၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်လိုက်ပြီးတော့ အတည်ပေါက် ပြောလိုက်သည်။

"သခင်လေး... သခင်လေးက သခင်မကြီးကို သွေးဆောင်နေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့် သခင်လေး ဘာကို ဖုံးကွယ်ထားလဲ"

"ရှောင်တုံးရေ ရှောင်တုံး"

ဖူကျို့က သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီးတော့ ချန်ရှောင်တုံး၏ ပခုံးပေါ်၌ တင်လိုက်ကာ "မင်း ဇာတ်လမ်းတွဲတွေ ကြည့်တာများပြီးတော့ အခုထိဘာလဲဆိုတာကို ရှာမတွေ့သေးဘူးမလား၊ တကယ်လို့ မင်းသိတာ အရမ်းများသွားရင် ရုပ်ရှင်ထဲမှာဆို သေနေလောက်ပြီ နားလည်လား၊ ငါတစ်ညလုံး ဂိမ်းဆော့ထားလို့ ခြေကုန်လက်ပန်းကျနေပြီ ငါ့အတွက် အသားညှပ်ပေါင်မုန့်တစ်ခုနဲ့ ဝိုင်တစ်ခွက်ကို ယူလာခဲ့ပေး ဒီလိုဆိုရင် ငါ မင်းကို မသတ်ပစ်ဖို့ စဉ်းစားပေးမယ်"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now