အပိုင်း (၉၇) ဉာဏ်များတဲ့ဖူကျို့

1.4K 167 2
                                    

အပိုင်း (၉၇) ဉာဏ်များတဲ့ဖူကျို့

ဟယ်ဟုန်ဟွာက နည်းပညာများနှင့် အတော်လေးကွာဝေးနေသူဖြစ်တာကြောင့် သူမဟာ web linkကို မည်ကဲ့သို့ ဖွင့်ရမည်မှန်း မသိပေ။ အဆုံးမှာတော့ ချန်ရှောင်တုံးက ရောက်လာပြီးတော့ လာကူပေးလိုက်လေသည်။ သူတို့နှစ်ယောက်က ကွန်ပျူတာအရှေ့၌ ထိုင်နေကြပြီး ဗီဒီယိုကို အစကနေ အဆုံးထိ ကြည့်ကြလေသည်။

ချန်ရှောင်တုံးက အဆုံးကိုကြားလိုက်ရပြီးနောက် စိတ်မထိန်းထားနိုင်တော့ပေ။ သူဟာ ထရပ်လိုက်ပြီးတော့

"ချီး အခုတော့ ငါ့ဒေါသတွေကိုအကုန်ပျောက်ကွယ်သွားပြီ အခုတော့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူတိုင်းက သရီးရဲ့ မျက်နှာအစစ်မှန်ကို တွေ့လိုက်ရပြီကွ ဘယ်သူကမှ သူတို့ကို ထပ်အားပေးတော့မှာ မဟုတ်ဘူး ငါတို့ကိုသစ္စာဖောက်လို့ ဒီဟာက သူတို့နဲ့ထိုက်တန်တယ် ဟား ဟား !"

"Spade,Spade Z.."

ဟယ်ဟုန်ဟွာက ထိုအသံကို ရင်းနှီးသလိုလိုရှိတယ်လို့ ခံစားနေရပေသည်။ သူမဟာ ခန့်မှန်းကြည့်သော်ငြား ထိုအသံကို မည်သည့်နေရာတွင် ကြားဖူးမှန်း ဝေခွဲမရ ဖြစ်နေလေသည် ။

" သူက ငါတို့ကို ဘာလို့ ကူညီတာလဲ "

ချန်ရှောင်တုံးက အကျယ်ကြီးရယ်လိုက်ပြီးတော့

"သူက ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာပေးချင်လို့နေမှာပါ ဒီလိုအွန်လိုင်းပေါ်က မတရားမှုတွေ ဖော်ထုတ်ပေးတဲ့ ဆရာကျတဲ့သူတွေကို သခင်မကြီး မသိဘူးလား၊ သူတို့က အခြေအနေကို ပြောင်းပြန်ဖြစ်အောင်လုပ်ရတာကို ဝါသနာပါတယ်ဗျ"

"ဒါပေမဲ့ ငါတို့ကုမ္ပဏီမှာ ဒီလိုလူမျိုးမှ မရှိတာ မီဒီယာတွေကမေးရင် ငါဘယ်လိုပြန်ဖြေရမှာလဲ "

ဟယ်ဟုန်ဟွာက သူဌေးဖြစ်တာကြောင့် သူမသည် အခြားသူတွေနှင့်စာလျှင် ပိုပြီးတော့ ခေါင်းရှုပ်ရလေသည်။

ချန်ရှောင်တုံးကလည်း ဒုက္ခရောက်နေပေ၏။

တကယ်တော့ Spade Zက ဘာလို့ ဒီကိစ္စတွေအားလုံးဖြစ်ပျက်ပြီးတာနဲ့ သူတို့ရဲ့ကုမ္ပဏီကပိုင်တာလို့ ပြောလိုက်တာလဲဆိုတာကို သူနားမလည်ပေ ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now