အပိုင်း (၁၁၂) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ ညီလေးအပေါ် ပိုပိုပြီး အဖြစ်သည်းလာပေပြီ

1.3K 142 2
                                    

အပိုင်း (၁၁၂) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ ညီလေးအပေါ် ပိုပိုပြီး အဖြစ်သည်းလာပေပြီ

တကယ်လို့ အတွင်းရေးမှူးလျန်သာ ချင်မော့၏ အခုလက်ရှိအတွေးများကို သိခဲ့မည်ဆိုလျှင် အလွန်အမင်း ပျော်ရွှင်နေမည်ဖြစ်သည်။ သူ့စီအီးအိုက နောက်ဆုံးတော့ ဖူကျို့နဲ့သူက ညီအစ်ကိုအရင်း မဟုတ်ဘူးဆိုတာကို အလင်းပွင့်သွားပြီပဲ။

သို့သော် ထိုအလင်းပွင့်သွားမှုကြောင့်...  ချင်မော့သည် ညီလေးတစ်ယောက် ရသွားသည့် ခံစားချက်ထက်တောင် ပိုပြီးစိတ်လှုပ်ရှားကာ တက်ကြွနေသလိုလိုပင်။

ချင်မော့သည် သူ့အတွေးတွေ တော်တော်များများက ထိုလူငယ်လေးဆီသို့ ဘယ်လောက်အထိ ယိမ်းယိုင်နေပြီဆိုတာကို သူ့ကိုယ်သူ သတိမပြုမိခဲ့ချေ။ သူ၏ မည်းနက်နေသော မျက်ဝန်းများက ဖူကျို့ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးတော့မှ အသံနိမ့်လေးဖြင့် ပြောလိုက်သည်။

" တကယ်ဆိုရင် မင်းဆီမှာယောက်ျားပီသမှု တစ်စက်ကလေးတောင် မရှိဘူးဆိုရင်တောင်မှ မင်း အပြင်ထွက်ပြီးတော့ များများပြေးသင့်တယ်"

ထိုသို့ ပြောပြီးသည်နှင့် ချင်မော့သည် အနောက်လှည့်လိုက်ပြီးတော့ သူ၏ အနက်ရောင်အင်္ကျီစအနားဖြင့် ဆော့ကစားနေပေသည်။ နတ်ဘုရားချင်မော့သည် ဘယ်လိုပုံစံနဲ့နေနေ အမြဲလိုလိုကြည့်လို့ကောင်းနေဆဲပင်။

"အဝတ်လဲတော့ ငါမကြည့်ဘူး"

ဖူကျို့ :"........"

ကြီးမြတ်လှတဲ့သခင်လေးချင်ရယ် နင်လေး အပြင်မှာ သွားစောင့်နေလို့မရဘူးလားဟယ်။

ထားလိုက်တော့ ငါလေးရဲ့မျက်လုံးရှေ့မှာ ရှိနေတာကပဲ ပိုကောင်းပါတယ်လေ။

သူ့ထက်မြက်တိကျတဲ့ အတွေး၊ ဉာဏ်နီဉာဏ်နက်များတဲ့ ပင်ကိုယ်စရိုက်ရယ် ကျွမ်းကျင်အဆင့်လှည့်စားမှုတွေနဲ့ဆို လူတစ်ယောက်က တစ်ချက်ကလေး မှားလိုက်တာနဲ့ သူ့ထောင်ချောက်ဆီ တစ်ခါတည်းဆင်းသက်သွားတော့မှာပဲ။

ငါလေး ဟက်ကာဖြစ်နေတဲ့တစ်လျှောက်လုံး နင်လေးလို ကိုင်တွယ်ဖို့ခက်ခဲတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးပါဘူးနော်။ တကယ်လို့ ရဲတွေသာ နင်လေးလို ဉာဏ်ကောင်းမယ်ဆိုရင် ငါလေးရဲ့ အလုပ်တွေကို ပိုပြီးအာရုံစိုက်ပြီး လုပ်ဖြစ်ခဲ့မှာ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now