အခန်း (၅၂)

1.7K 183 4
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၅၂) နတ်ဘုရားချင်နဲ့ဆက်ပြီး အီစီကလီရိုက်လိုက်ဦးမယ်

သည်အကြောင်းကို တွေးလိုက်သည်နှင့် ချက်ချင်း ဖူကျို့က စိတ်ညစ်နေသည်များ ပျောက်သွားပြီး သူမလက်ဆီက ကျောက်ပုစွန်များအတွက် ဝမ်းမနည်းနေတော့ပေ။

ဒီသခင်လေးချင် ငါလေးဆီက ငွေတွေ ဘယ်လောက်ပဲ့အလစ်သုတ်သွားသွား နောက်တစ်ခါကျရင် ငါလေးကတော့ နင့်ဆီက ပြန်ယူပြမယ်၊ ဒီဟာက တရားမျှတယ်လို့ခေါ်တယ်အသည်းလေးရဲ့။

ထိုအချိန်၌ ချင်မော့၏ နက်မှောင်သည့် မျက်ဝန်းများက ဖူကျို့ ပို့လိုက်သည့် စာများကို ရှုပ်ထွေးနေသည့် ခံစားချက်ပေါင်းစုံနှင့် စူးစိုက်ကြည့်နေပေသည်။

ဒီကောင်လေးက တကယ့်ကို သူ့မိသားစုကုမ္ပဏီအကြောင်း တစ်ခွန်းမှမပြောခဲ့ဘူးပဲ၊ ငါထင်တာက သူသေချာပေါက် ပြောလိမ့်မယ်လို့ပေါ့။

COCOက လှည့်လိုက်ပြီး ချင်မော့ကို ကြည့်ကာ မဝံ့မရဲဖြင့်

"ကြည့်ရတာ ဖူကျို့က သူ့ရဲ့မိသားစုကိစ္စအတွက်နဲ့ အစ်ကိုကြီးဆီ လာတာမဟုတ်ဘူးနဲ့တူတယ်။ သူ တစ်ညအတွင်းမှာ ဒီလောက် မြန်မြန်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံနိုင်စရာမရှိဘူး။ အစ်ကိုကြီးကို ချဉ်းကပ်ဖို့ပဲ ကြံစည်နေတာများလား။ အစ်ကိုကြီး အရင်က နူးညံ့သိမ်မွေ့တဲ့ပင်ကိုယ်စရိုက်ကို သဘောကျတယ်ဆိုတာကို သူ သိချင်သိနေမှာပေါ့။ အခုတော့ သူထပ်ပြီးတော့ ဟန်ဆောင်စရာ မလိုတော့ဘူးထင်ပြီး သူ့ရဲ့ပင်ကိုယ်စရိုက်ကို လှစ်ဟပြတာများလား"

ချင်မော့က wechatမှ ဖူကျို့ ပရိုဖိုင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး

"သူ့လိုဦးနှောက်မျိုးနဲ့ သူ့မှာ ဒီလို အရည်အချင်း ပြည့်ဝတဲ့ သရုပ်ဆောင်စကေးတွေ ရှိနေမယ်လို့ ထင်လား"

ထိုအရာကို ကြားပြီးသည်နှင့် COCO နှုတ်ခမ်းက အကြောဆွဲချင်သလိုလိုပင် ဖြစ်သွားတော့သည်။

အိုက်ယား အစ်ကိုကြီးရေ အရင်က ဖူကျို့ကိုတုံးတယ်လို့ထင်နေတာတော့ ဟုတ်တယ်လေ၊ အခုတော့ သူပြောင်းလဲသွားပြီဟာကို၊ အရင်လိုခပ်တုံးတုံး မဟုတ်တော့ဘူးဗျ၊ သူ တကယ်လည်း ဟန်ဆောင်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့လို့။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now