အပိုင်း (၁၁၆) ချင်မော့ရဲ့ မနာလိုအူတိုမှု

1.3K 129 1
                                    

အပိုင်း (၁၁၆) ချင်မော့ရဲ့ မနာလိုအူတိုမှု

"မလို...မလိုပါဘူး"

ရွယ်ယောင်ယောင်က သူမ၏ လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်ပေသည်။ သူမက ထိုသို့ ပြောပြီးသည်နှင့် ကြီးမြတ်လှသော သခင်လေးချင်ရှိရာဆီသို့ သတိမမူမိဘဲကြည့်လိုက်မိသည်။

ကြီးမြတ်လှသော သခင်လေးချင်ကတော့ သူမ အရှင်ကျို့နဲ့တင်းနစ်တူတူကစားမှာကို မကြိုက်လောက်ဘူးမလား။ သူမမှာ ဒီလိုခံစားချက်ကြီး ဘယ်လိုလုပ် ရှိနေလဲဆိုတာကိုတောင် သူမကိုယ်သူမ မေးခွန်းထုတ်မရဲပေ။ သူမ ဒီဟာကိုကြားကြားချင်း မသိစိတ်က ပထမဆုံး တုံ့ပြန်မိတာလောက်ပါပဲ။

ဖူကျို့က ချင်မော့ကို ကြည့်နေသည့် ရွယ်ယောင်ယောင်၏ အကြည့်တွေကြောင့် အထင်လွဲသွားပေတော့သည်။

"အော် ဒါမှမဟုတ် မင်းက အစ်ကိုမော့နဲ့တူတူဆော့ချင်တာလား မင်းသဘောလေ "

ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့က မျက်မှောင်ကြုံ့သွားပေတော့၏။ ဖူကျို့က ယင်းကို သတိမထားမိလိုက်ပေ။

ဖူကျို့က ရပ်နေခဲ့တာ အတော်ကြာနေပြီဖြစ်သော်ငြား ပြုံးနေဆဲပင်။

"မင်း ဘယ်သူ့ကိုရွေးမှာလဲ"

ရွယ်ယောင်ယောင်က လျှောက်လာပြီးတော့ ခက်ခက်ခဲခဲဖြင့်

"အရှင်ကျို့နဲ့ဆို ပိုအဆင်ပြေလိမ့်မယ်ထင်တယ်"

သူမက ဘယ်လိုလုပ် ကြီးမြတ်လှသော သခင်လေးချင်ကို ရွေးရဲမှာလဲ!!!!

ဒီကြီးမြတ်လှသော သခင်လေးချင်ရဲ့ မြင့်မြတ်တဲ့အရှိန်အဝါတွေက သူမအတွက် အသက်ရှူဖို့တောင် အလွန်ခက်ခဲနေရတာပါနော်!

"ကြည့်ရတာ ငါလေးက အစ်ကိုမော့ထက် ပိုဆွဲဆောင်မှုရှိတယ်နဲ့တူတယ်"

ဖူကျို့က ချင်မော့ကို မထိတထိစနောက်လိုက်ပေ၏။ ထို့နောက် ဖူကျို့က ရယ်လိုက်ပြီးတော့ သူမ၏ သွားစွယ်လေးများကို လှစ်ဟပြနေသကဲ့သို့ပင်။ သူမ၏ ငွေရောင်ဆံပင်တွေကျတာ့ အနည်းငယ် စိုစွတ်နေဆဲပင်။ လူတွေက ဒီလိုချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ဘယ်လိုလုပ် ငြင်းနိုင်မှာလဲနော်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now