အခန်း (၆၉)

1.4K 174 4
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၆၉) စီအီးအိုချင်က ထိုကောင်လေးရဲ့ ရလဒ်ကို စစ်ဆေးကြည့်ဖို့ သွားတယ်

အစည်းအဝေးခန်းမှ လေထုဖိအားက သာမန်အခြေအနေကဲ့သို့ အစည်းအဝေးကျင်းပနေသည်။

မားကတ်တင်းအသင်းက သည်နှစ်၏ အခြေအနေကို စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။ သူတို့ ကြောက်သည်က သူတို့ စီအီးအိုမှ သည်နှစ်အခြေအနေနှင့် ပတ်သက်၍ စိတ်ကျေနပ်မှု မရမည်ကို စိုးရိမ်နေသည်။ တကယ်လို့ စီးအီအိုက ရလဒ်နှင့်ပတ်သက်၍ မကျေနပ်လျှင် သူ၏ သေစေနိုင်လောက်သည့် အကြည့်များဖြင့် ရင်ဆိုင်ရမည်ကို သူတို့ အကြောက်ဆုံးဖြစ်သည်။

ကံကောင်းထောက်မစွာ စီအီးအိုက သည်နေ့ အနည်းငယ် စိတ်ပါဝင်စားမှု မရှိသည်ကို သူတို့ သတိထားမိသည်။ စီအီးအိုက တစ်ချိန်လုံး သူ့ဖုန်းနှင့်သာ ဆော့ကစားနေပေသည်။

" စီအီးအိုချင် ဒီနေ့တော့ ဒီလောက်ပါပဲဗျ"

မားကတ်တင်းအသင်းက ချင်မော့ ဝေဖန်ချက်များကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်။

အံ့ဩစရာကောင်းသည်က

"အင်း"

ဘာလဲဟ ဒီလောက်ပဲလား။ လူတိုင်းက သည်မှတ်ချက်နှင့် နေသားမကျပေ။

ချင်မော့က ဤတင်ပြချက်များကို နားပင်မထောင်နေပေ။ ထိုအစား သူက အချိန်ကိုသာ ကြည့်နေသည်။

အခုဆိုရင် ဒီကောင်လေး ပြီးနေလောက်ပြီပေါ့။

အသင်းထဲရောက်လာရင် ဒီကောင်စုတ်လေးကို ငါ့ဘေးမှာ ထားရမယ်၊ ဒါမှ သူ အီစီကလီ မလုပ်နိုင်တော့မှာ။

ထိုအတွေးဖြင့် ချင်မော့၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

စီမံခန့်ခွဲရေးအသင်းမှ လူများက ကြောင်အသွားမိသည်။ သူတို့သူဌေး၏ မျက်နှာထက်မှ အပြုံးကို ကြည့်ရင်း သူတို့စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။

ဒီနေ့က ဘာနေ့မို့လို့ စီအီးအိုက ပျော်နေတဲ့ပုံပေါက်နေရတာလဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now