အပိုင်း (၁၆၄) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို ကင်တော့မယ်

1K 114 3
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၆၄) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို ကင်တော့မယ်

ငါလေးရဲ့ အိမ်တော်ထိန်းလေးက ငါ့ကိုတောင် ထွက်မကြိုပါလားဟဲ့။

ဖူကျို့သည် ဇဝေဇဝါနှင့် ခေါင်းငုံ့ထားလေသည်။ သူမသည် သူမ၏လက်ကို ဖုန်းရှန်းအားဆွဲရန် သုံးရပေအုံးမည်။ ထိုကြောင့် သူမသည် ကျန်းမြို့၏ တစ်ခုတည်းသော လင်ကွန်းကားသည် လမ်းဘေးအမှောင်ရိပ်တွင် ရပ်ထားသည်ကို သတိမထားမိလိုက်ပေ။

ခန်းမထဲတွင် မည်သူမျှမရှိပေ။

ဖူကျို့သည် သူမ၏မျက်ခုံးကို ပင့်ထားလိုက်ပြီး အပေါ်ထပ်သို့ တန်းတက်ခဲ့တော့သည်။ သူမသည် ဖန်းလေးကို မျက်နှာအရင်သစ်ပေးချင်နေသည်။

သို့သော် အံ့ဩရသည်က သူမသည် တံခါးကို တွန်းဖွင့်လိုက်သည့် တခဏ၌ သည်နေရာတွင် ရှိမနေသင့်သည့် တစ်ဦးတည်သောသူ ကြီးမြတ်လှသည့်သခင်လေးချင်သည် သူမ၏စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကိုင်ကာ သူမ၏မျက်နှာရှေ့တွင် ပေါ်လာလေသည်။ ထိုချောမောကာ နတ်ဘုရားနှင့် တူလှသည့် မျက်နှာသည် တည်ငြိမ်အေးချမ်းနေပြီး သူသည် အနက်ရောင်ဝတ်စုံကိုဝတ်ကာ လက်ဖြစ် အီတလီလယ်သာရှူးဖိနပ်ကိုစီးလျက် သစ်သားကုလားထိုင်ပေါ်တွင် ပျင်းရိလေးတွဲစွာ ထိုင်နေ၏။ သူ့တံတောင်ဆစ်ကို လက်ကိုင်ပေါ်တွင် တင်ထား၏။ သူမျက်လုံးများသည် ချမ်းစိမ့်လှသည့် အပြင်ဘက်က ဆောင်းရာသီကဲ့သုိ့ အေးစက်နေ၏။ သို့သော် သူ့အသံမှာ ခါတိုင်းလိုပင် တည်ငြိမ်နေလေသည်။

“ မင်း ပြန်ရောက်ပြီပေါ့”

ဖူကျို့သည် ခေတ္တ တုံ့ဆိုင်းသွားလေသည်။ သူသည် သူမကို အစ်ကိုကြီး လေသံဖြင့် ပြောနေ၏။

သူမသည် ရှင်းပြလိုက်ချင်ပေသည်။ သူမ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။ ကျောင်းသားလေးဖုန်းသည် နောက်မှ ခုန်ထွက်လာတော့သည်။

“ အိုင်-အိုင်-အိုင်ဒေါ နောက်တစ်ချီလောက် သောက်ရအောင်၊ ပြီးရင် ငါ-ငါ-ငါ မင်း အိပ်ရာမှာ သွား-သွားအိပ်တော့မယ်”

“အိပ်မယ်တဲ့လား”

ချင်မော့သည် အပြုံးတစ်ဝက်နှင့်ထရပ်လိုက်လေသည်။ သူ့မျက်ဝန်းနက်သည် အေးစက်စက် ခံစားချက်ကို ထုတ်လွှတ်နေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now