အပိုင်း (၁၈၃) အဲအမှိုက်ကောင် ငါတို့ကိုကြောက်သွားသတဲ့

857 87 1
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၈၃) အဲအမှိုက်ကောင် ငါတို့ကိုကြောက်သွားသတဲ့

ဖူကျို့သည် ရယ်ကာ ပြောလိုက်သည်။

“ သူသာ ဒီကိစ္စသိသွားရင် ငါလေးကို ညှစ်သတ်လိမ့်မယ်။ ကြီးမြတ်တဲ့သခင်လေးက မိန်းကလေးတွေတဲ့ နီးနီးကပ်ကပ် ဆက်ဆံရတာမကြိုက်ဘူး”

ထိုလူငယ်လေးသည် ကောင်လေးများကို ထူးဆန်းသောအကြည့်နှင့် ကြည့်ရသည့် အကြောင်းအရင်းကို ရွှယ်ယောင်ယောင် သိသွားတော့သည်။

လူတိုင်းက သူ့ကို ဂေးလို့ပြောကြပေမဲ့ သူမက ဂေးလုံးဝမဟုတ်လေဘူး။ အဲဒီအစား သူမက ကောင်လေးတွေလို သဘာဝကျကျ နေနေတာ
နောက်ပိုင်းကျတော့ မင်းသားလေးကျို့က အရင်နဲ့သိပ်မတူတော့ဘူး။

ရွှယ်ယောင်ယောင် ခံစားချက်ကို ရှင်းမပြတတ်လေဘူး။ အဲဒါကဘာနဲ့တူလဲဆိုတော့.... သူမရဲ့စိတ်ဝိညာဉ်က အသစ်တခုနဲ့ အစားထိုးခံလိုက်ရသလိုပဲ။

သို့သော် သခင်လေးချင်သည် ယခုအချိန်အထိ မသိသေးသော်လည်း အကယ်၍များ တချိန်ချိန်တွင် သူသိသွားခဲ့လျှင် မင်းသားလေးကျို့အပေါ် ကျရောက်လာမည့် အန္တရာယ်ကို သူမ စိုးရိမ်နေမိသည်။

နောက်ဆုံး ချင်မိသားစုက ကျန်းမြို့မှာ အရမ်းအင်အားကြီးလေတော့ ကြီးမြတ်တဲ့သခင်လေးချင်က ဖုံးကွယ်လှည့်စားခံရတာကို ကြိုက်မှာမဟုတ်လေဘူး။ ကျန်းမြို့ကလူတိုင်း ဒါကို သိပြီးသား။

မင်းသားလေးကျို့က..... မီးနဲ့ကစားနေတာပဲ
ရွှယ်ယောင်ယောင်သည် ထိုကိစ္စကို သေချာပြန်စဥ်းစားလိုက်ပြီး မေးလိုက်ပြန်သည်။

“ ပြီးခဲ့တဲ့အခေါက်တုန်းကရော နင် တင်းနစ်ကွင်းမှာ အဝတ်လဲတုန်းကလေ”

“ဘာမှမဖြစ်ခဲ့ဘူးလေ။ ကြီးမြတ်တဲ့သခင်လေးက အသန့်ကြိုက်လွန်းတဲ့သူလေ”

ဖူကျို့နှုတ်ခမ်းများကွေးတက်သွား အောင်ပြုံးတဲ့ပုံမှာ အလွန်သဘောကျစရာဖြစ်နေလေသည်။

“ ငါလေး သူ့နားထဲလေမှုတ်ထည့်လိုက်တာလေ သူ ငါလေးကို အမှိုက်ပုံးထဲသွပ်ထည့်ခါနီးလေးပဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now