အပိုင်း (၁၂၆) ချိုမြိန်တဲ့စာသင်ချိန်အပိုင်းအခြားလေး

1.2K 110 1
                                    

အပိုင်း (၁၂၆) ချိုမြိန်တဲ့စာသင်ချိန်အပိုင်းအခြားလေး

ဖူကျို့က ဟော့ပေါ့စားလိုက်သည်နှင့် စိတ်ကျေနပ်မှု ရသွားပေသည်။ သူမဟာ အိမ်ပြန်ရန် အဆင်သင့်ပြင်နေပြီး ထိုချောမောလှသည့် နတ်ဘုရားကို မနက်ဖြန်မှ ထပ်တွေ့ရန် အဆင်သင့် ဖြစ်နေပေသည်။ သို့သော် ချင်မော့သည် သူ့ပါးစပ်ကို ဟလိုက်ပြီးတော့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ငါ မင်းအတွက်ရူပဗေဒစာအုပ်တချို့ ပြင်ဆင်ခိုင်းထားတယ်၊ မင်း စာတွေကို သေချာနားလည်အောင် ဒီနေ့ကစပြီး စလုပ်ရမယ်"

ဖူကျို့က နဂိုကတည်းက ရူပဗေဒနှင့် ဓာတ်မတည့်သူဖြစ်သည်။ သူမက မေးထောက်လျက် ခပ်ပေါ့ပေါ့ရယ်လိုက်ရင်း

"အစ်ကိုမော့က သိပ်အလျင်လိုတာပဲ ငါလေးရဲ့ သင်ယူအားထုတ်မှုက သိပ်မကောင်းဘူးနော်"

"ခုနစ်ရက်တောင် မကျန်တော့တဲ့အချိန်တွင်းမှာ မင်းက မင်းရဲ့လပတ်စာမေးပွဲကို ဖြေရတော့မှာနော် မင်းစာတွေကို သေချာနားလည်အောင် မလုပ်ထားရင် မင်းရဲ့ ဒီလိုညံ့ဖျင်းတဲ့သင်ယူမှုအစွမ်းနဲ့ ရူပဗေဒစာမေးပွဲကို အောင်မယ်လို့ထင်လား"

ချင်မော့သည် ဘောပင်တစ်ချောင်းကို ကောက်ယူလိုက်သည်။ သူ့မျက်နှာက ချောမောနေဆဲ ဖြစ်သော်ငြား အသံကတော့ အမှန်တရားကို ပြောနေသည့်အလား တည်ငြိမ်နေပေသည်။

ထို့ကြောင့် ကျွန်မတို့၏အရှင်ကျို့ဟာ ထိရှနာကျင်သွားပေတော့၏။

ဖူကျို့က သူမကိုယ်သူ မေးခွန်းပြန်ထုတ်နေမိပေသည်။ 

ဘာလို့ ငါလေး ဒီနတ်ဘုရားကို ရူပဗေဒသင်ပေးဖို့ ရွေးချယ်ခဲ့မိတာပါလိမ့်။

"မင်းဗိုက်ပြည့်ပြီဆိုရင် ထရပ်ပြီး အပေါ်ထပ်ကိုသွားဖို့ ငါ့နောက်လိုက်ခဲ့ ယောက်ျားတစ်ယောက်အနေနဲ့ မနှေးကွေးစမ်းနဲ့"

ချင်မော့သည် ဆွယ်တာကို ဝတ်ထားပြီး သူ့လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ၌ ထည့်ထားလေသည်။ ချင်မော့သည် ဖူကျို့ကို အတင်းအကျပ်မဖိနှိပ်ပေ။ ထို့ကြောင့် ဖူကျို့သည် အီစီကလီလုပ်တာနှင့် ပတ်သက်ပြီး အထင်လွဲခံနေရတာကို ပြောပြဖို့အခွင့်အရေးမရခဲ့ပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now