အပိုင်း (၁၅၁) မနက်ခင်းပိုင်း၌ယောက်ျားသားတိုင်းရဲ့ထောင်မတ်မှုတချို့

1.1K 95 2
                                    

အပိုင်း (၁၅၁) မနက်ခင်းပိုင်း၌ယောက်ျားသားတိုင်းရဲ့ထောင်မတ်မှုတချို့

ချင်မော့ရဲ့မျက်ဝန်းတွေဟာ မည်းနက်ပြီး မပွင့်တပွင့်ဖြစ်နေရာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် အိပ်ရာမှလုံးလုံးမနိုးသေးသလိုပဲ။

ဖူကျိုဟာ ဒီချင်မော့လိုမျက်လုံးသာပွင့်နေပေမဲ့ စိတ်ကတော့ အိပ်နေဆဲဖြစ်တဲ့လူတွေ ရှိသေးတာကိုလည်း သိပေသည်။

ပုံမှန်အားဖြင့် ဒီလိုလူတွေဟာ ဉာဏ်ကောင်းရုံသာမက အတော်လေး နိုးနိုးကြားကြား ရှိတတ်ပေသေးသည်။

ဖူကျို့ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ သူမကိုမိန်းကလေးမှန်း မသိသွားအောင် သေချာပေါက် ဟာကွက်မရှိ သတိထားပြုမူရမည်ဟု တွေးမိခြင်းပင်။

သိပ်များများမတွေးဘဲနဲ့ ဖူကျို့က သူမရဲ့ဒူးကို ကွေးလိုက်ပြီး ဒီသေလောက်အောင် နီးနီးကပ်ကပ်ရှိနေတဲ့ အနေအထားကနေ ဖြည်းဖြည်းချင်းရုန်းထွက်လိုက်သည်။

ဖူကျို့က ယောက်ျားတို့ရဲ့ ထုံစံအတိုင်း မနက်ဆိုသူတို့ညီလေးက အားအင်အပြည့်နဲ့ထကြွလေ့ရှိရာ သူမရဲ့ဘောင်းဘီခွကြားအတွင်း၌ စက္ကူတွေ အထပ်လိုက်အုပ်လိုက်ကာ ထိုခွကြား၌ အနည်းငယ်ဖောင်းနေသလိုဟန် ပြုလိုက်သည်။ ဒါပေမဲ့ စက္ကူနဲ့ယောက်ျားတွေရဲ့တကယ့်ဟိုဟာတွေက ဖောင်းပုံဖောင်းနည်းမတူကြပေ။ ဒါကြောင့် ဖူကျို့ခမျာ ချင်မော့တစ်ယောက် ဒီအရာကို သတိပြုမိသွားမလားဟု စိုးရိမ်နေမိသည်။

ဖူကျို့ရဲ့လှုပ်ရှားမှုတွေကြောင့် ချင်မော့ရဲ့မျက်လုံးတွေဟာ လုံးဝပွင့်လာခဲ့သည်။

နေရောင်ခြည်နွေးနွေးလေးနဲ့ ချင်မော့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှဟာသည် အတော်လေး ထောင်မတ်လို့နေပေရာ ဒီအရာက မထင်မှတ်ဘဲ ဖူကျို့ရဲ့ဒူးခေါင်းအား သွားရောက်ပွတ်တိုက်မိသွားပေသည်။

အား... ငါလေးရဲ့ဒူးကိုလာထိတဲ့ ဒီအသားချောင်းက နွေးနေတာပဲဟ။

ဒီလိုမတော်တဆမှုဖြစ်ရပ်ကြောင့် ချင်မော့ရဲ့နောက်ကျောဟာ တောင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။  ထို့နောက် ချင်မော့ဟာ စောင်ကို ဆွဲဖယ်ကာ အိပ်ရာပေါ်မှ ချက်ချင်းထပြေးတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now