အပိုင်း (၁၅၉) သခင်ကျို့၏ဉာဏ်ရည်

1K 112 1
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၅၉) သခင်ကျို့၏ဉာဏ်ရည်

“အင်း၊ ကစားဖို့သက်သက်ပဲဆိုရင်တော့ မလာဘူး”

အင်တာနက်ဆိုင်ရှင်သည် သူ့လက်ကြားထဲတွင် စီးကရက်ကို ညှပ်ထားပြီး ဂိုဏ်းစတားတစ်ယောက်ပုံစံ ဖမ်းထားလေသည်။

“ ဆုရအောင်လုပ်မယ်ဆိုမှပဲ စဥ်းစားပေးမယ်”

ဖူကျို့သည် အော်ရယ်လိုက်၏။

“ ဆုရတော့ရော ဘာအရေးလဲ၊ ကျွန်တော်တို့က ဂိမ်းလောကတစ်ခုလုံးကို ကိုင်လှုပ်ပစ်မှာ၊ စဥ်းစားပေးမလား”

ထိုလွှမ်းမိုးနိုင်လွန်းသည့်စကားလုံးများသည် ဆိုင်ရှင်၏ လောကကြီးကိုမြင်သည့်အမြင်ကို တစ်စစီလွင့်စဉ်သွားစေတော့သည်။

ဘေးမှ ကစားသူအချို့သည် ထိုအခိုက်အတန့်ကို ဖျက်ဆီးကာ

“ဆိုင်ရှင်ရေ ရေတစ်ဗူးလောက်ပေးပါအုံး”

“လာပြီ”

ဆိုင်ရှင်သည် စီးကရက်ကို သူ့ပါးစပ်ထဲမြန်မြန်ထည့်ကာ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးကို လှမ်းယူလိုက်၏။ သူသည် ဖူကျို့ တစ်ဖန်ကြည့်လိုက်ပြီး

“ငါ့ကိုလဲ ထည့်လိုက်”

ဖူကျို့သည် သူမ၏နှုတ်ခမ်းကို ပင့်လိုက်ပြီး

“ သဘောရှိ”

ရွှယ်ယောင်ယောင်သည် ဘေးမှနေ၍ ထိုအခြင်းအရာအားလုံးကို မြင်လိုက်လေသည်။ သူမသည် အစပိုင်းတွင် အများကြီးမပြောသော်လည်း အင်တာနက်ဆိုင်ထဲမှ ထွက်လာပြီးနောက် ပြောလိုက်လေသည်။

“ အဲဒီဆိုင်ရှင်မှာ အံ့ဩစရာကောင်းတဲ့နည်းပရိယာယ်တွေရှိတယ်၊ မွန်းစတားတွေကို ငါတောင် ဘာမှမလုပ်ရသေးဘူး သူက သတ်ပြီးနေပြီ”

“အမှန်ပဲ ပုန်း-ပုန်း-ပုန်းကွယ်နေတဲ့ ဆရာကြီးတစ်ယောက်ပဲ”

ဖုန်းရှန်း၏မျက်လုံးများသည် တောက်ပနေ၏။

“ အင်တာနက်ဆိုင်ရှင်ဆီကနေ အဲလောက်မိုက်တဲ့နည်းတွေ တွေ့ရလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး”

ဖူကျို့သည် မသိမသာရယ်လိုက်လေသည်။

“ သူ့ညာဖက်လက်ချောင်းကိုသုံးပြီး လှုပ်ရှားလိုက်တဲ့အကွက်တွေက သူ့ဘယ်ဖက်လက်ထက် ပိုမြန်တယ် ပြီးတော့ သူက လက်နက်ကိရိယာတွေကို ရွေးတဲ့အခါ သူ့လက်ညှိုးက ဘေးဖက်ကို အလိုလို ရွေ့သွားတာ၊ အတွေ့အကြုံရှိတဲ့ ကစားသမား တစ်ယောက်ကပဲ  ဒီလိုအကျင့်လေးတွေရှိတာ၊ သူအရင်တုန်းက နိုင်ငံအဆင့်အသင်း ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ထင်တယ် ဒါပေမဲ့ သူထွက်လာရတဲ့ အကြောင်းအရင်းကိုတော့ သူပဲသိမှာ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now