အခန်း (၅၅)

1.6K 168 1
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၅၅) နတ်ဘုရားချင်က အွန်လိုင်းပေါ်မှာ ဒိတ်နေတာလား

ကစားသမားလေးယောက်က သူတို့ မျက်လုံးအကြည့်များကို ချင်မော့ဆီ မရွေ့ခင် တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေကြပေတော့သည်။

လယ်ဗယ်အမြင့်ဆုံး၊ ပြီးပြည့်စုံတဲ့ ပရိုဖိုင်တစ်ခု။
ပြီးတော့ သူရဲ့ ဂိမ်းမှာ တစ်ယောက်ချင်း ယှဉ်သတ်တဲ့ အဆင့်ကလည်း သောက်ကျိုးနည်းအောင်ကြောက်ဖို့ကောင်းတယ်၊
တစ်ယောက်ချင်း ယှဉ်သတ်တဲ့အဆင့် နံပါတ် (၁)။
ဒီဟာက သေချာပေါက် ကြီးမြတ်လှတဲ့သခင်လေးချင်ပဲ။ မှားစရာအကြောင်းကိုမရှိဘူး။

ငါတို့အခု ကြီးမြတ်လှတဲသခင်လေးချင်ကို တွေ့လိုက်တာလား။ သက်ရှိထင်ရှားရှိနေတဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်ကိုလေ။ အံ့ဩတုန်လှုပ်၊ စိတ်လှုပ်ရှားပြီး ရင်တွေ ပိုးစိုးပက်စက်ခုန်နေပြီဟ။ ဒီစကားလုံးတွေက ငါတို့ရင်ထဲက စိတ်ခံစားချက်ကို ဖော်ပြလို့တောင်မရဘူး။
အင်တာနက်ဆိုင်၌ ထိုင်နေသည့် သည်လေးယောက်၏ လက်ချောင်းများက အလွန်အမင်း တုန်လှုပ်နေကြပေသည်။

သခင်လေးချင်က ဘယ်တုန်းကမှ ဒီလို ဘော့စ်တွေရှင်းတာကို မကစားဖူးဘူး။ သူက ကြီးမြတ်လှတဲ့သခင်လေးချင်လေ။ live streamingတစ်ခုလုပ်ရုံနဲ့ ထောင်သောင်းချီတဲ့ ပရိသတ်တွေ ရလာတဲ့သူဟာ။ သူလိုလူက ဘယ်လိုလုပ် ဒီလိုဘော့စ်တွေ ရှင်းမှာတုန်း။

ငါတို့ အခု အိပ်မက်မက်နေတာများလား။

ထားလိုက်တော့ ငါတို့ကာရိုက်တာကို ငါတို့ သတ်သေပြီး နောက်ထပ်log inဝင်ကြည့်လိုက်ရအောင်ကွာ။

ထိုသို့ တစ်ကြိမ် သတ်သေပြီးသည်နှင့် ထိုအရာက အိပ်မက် မဟုတ်ဘူး ဆိုတာကို သူတို့ သဘောပေါက်သွားသည်။

"ဘာလို့ မင်းတို့ ငြိမ်သက်နေရတာလဲ၊ လာလေ၊ ဘော့စ် ရှင်းကြမယ်လေ"

ဖူကျို့ စာရိုက်လိုက်ပြီးသည်နှင့် သည်လေးယောက်၏ ကာရိုက်တာများက သေဆုံးနေကြသည်ကို တွေ့လိုက်သည်။

သောက်ကျိုးနည်း ဘာတွေဖြစ်ပျက်နေတာလဲဟ။

ဖူကျို့က ခေတ္တရပ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now