အပိုင်း (၉၁) မင်းကိုယ်မင်းဘာထင်နေလဲ ငါ့ညီလေးကိုအထင်သေးရဲတယ်ပေါ့

1.4K 153 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၉၁) မင်းကိုယ်မင်းဘာထင်နေလဲ ငါ့ညီလေးကိုအထင်သေးရဲတယ်ပေါ့

သင်ပေးမယ်တဲ့လား။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများအနက် ချင်မော့ ပါဝင်သည်။

သူ၏ရှည်လျားပြီး သွယ်လျသော လက်ချောင်းများက စီးကရက်ကို ကိုင်ထားတာဖြစ်သည်။

ချင်မော့က ထို 'သင်ပေးမယ်' ဆိုသည့်စကားကို ကြည့်လိုက်ပြီး သူ့လည်စည်းကို လက်ဖြင့် ဖြေလျှော့လိုက်ပေ၏။

သူ့ခြေထောက်များက ချိတ်ထားလျက်ဖြင့်ရုံးခန်းထဲက သားရေထိုင်ခုံတွင် ထိုင်နေပေ၏။

သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး သူ့အပြုံးကရေခဲမှတ်သို့ ရောက်လုနီးနီးအထိ အေးစက်နေပေတော့သည်။

မင်းရဲ့ အစွမ်းအစလောက်လေးနဲ့များ ငါ့ညီလေးကို သင်ပေးချင်သေးတယ်လား။

ဖူကျို့၏ သန့်ပြန့်ပြီး ကြော့ရှင်းသော ပုံရိပ်လေးကိုစဉ်းစားမိလိုက်သည်နှင့် ချင်မော့က သူ့ကိုယ်သူ အထင်ကြီးစိတ်ဝင်နေသော လျန်ရွှီကွမ်းကို တစ်ချက်ထပ်ကြည့်လိုက်လေသည်။ ချင်မော့က သူ့ညီလေးသည် ထိုလူထက်အဆပေါင်းများစွာ သာတယ်ဆိုတာကို သတိပြုမိပြီး အကယ်၍ သူ့ညီလေးသာ အီစီကလီလုပ်တတ်သော အကျင့်ကို စွန့်လွှတ်နိုင်လျှင် ပိုတောင် တော်လာပေလိမ့်မည်ဟု တွေးတောနေပေ၏။

သေချာတာကတော့ ကျွန်မတို့ရဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်ဟာ သူ့ညီလေးနဲ့ ပတ်သက်ပြီး ဆတ်ဆတ်အထိမခံ ဖြစ်နေတယ်ဆိုတာကိုတော့ သူ့ကိုယ်သူ သတိမထားမိတာပါပဲ။

အင်တာနက်ဆိုင်မှာတော့ ဖူကျို့က အနက်ရောင် နားကြပ်ကို ဝတ်ဆင်ထားပြီးတော့ စကားလုံးတစ်လုံးဖြင့်သာ မကောင်းဆိုးဝါးအပြုံးလေးဖြင့် စာပြန်လိုက်လေသည်။

"မင်းပဲ"

"ငါလား"

လျန်ရွှီကွမ်းက အကျယ်ကြီးအော်ရယ်လိုက်ပေသည်။

"ချစ်လှစွာသော ဖန်လေးရေ တကယ်လို့မင်းသာ ငါနဲ့ battle ဆိုင်မယ်ဆိုရင် မင်းရဲ့  HP က တကယ့်ကိုအမြန်ဆုံးနည်းနဲ့ ကျသွားမှာပဲ အဲလိုဆိုရင်တောင် အဆင်ပြေရဲ့လား"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now