အပိုင်း (၁၇၇) သခင်ကျို့၏"အန်တီကြီး"

1.8K 107 0
                                        

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၇၇)  သခင်ကျို့၏”အန်တီကြီး”

အန်တီရယ်.....

ဘာလို့ ဒီနေ့မှလဲဟဲ့

ဖူကျို့သည် သွေးစွန်းနေသည့် သူမ၏ညအိပ်ဝတ်စုံကို ကြည့်လိုက်ပြီး သူမမျက်လုံးများ မည်းမှောင်သွားတော့သည်။ ဝတ်စုံကိုချက်ချင်းချွတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ရေနွေးနှင့် အမြန်ဆေးကျောလိုက်သည်။

သူမဝမ်းဗိုက်လေး ခုမှပဲ နွေးသွားတော့တယ်လေ။ ဒါပေမဲ့ အကာအကွယ် လစဥ်သုံးအစတွေကို ရှာမတွေ့ဖြစ်နေတော့ အဲအစား သူမအတွင်းခံမှာ နူးညံ့တဲ့တစ်ရှူးတွေကို အလွှာလုပ်ပြီးထည့်လိုက်ရတယ်။
ဒီလိုသာဆိုရင်.... အိပ်ရာခင်းပေါ်မှာလဲ သွေးစတွေ ရှိနေမလားတောင်မသိဘူး။

ဖူကျို့နှုတ်ခမ်းများဖျော့သွားပြီး မှန်ထဲကြည့်လိုက်တယ်။ သူမမျက်မှောင်ကျုံ့လိုက်မိတယ်။ ဒါက အဆိုးဝါးဆုံး အချိန်ကိုက် မဖြစ်တဲ့ ရာသီလာခြင်းပဲ။

ကံကောင်းလို့ အဲဒီနတ်ဘုရား သူမကို ရူပဗေဒစာသင်နေတုန်းမလာခဲ့တာ။ မဟုတ်လို့ကတော့ သူမ ဒီအတိုင်း ချက်ချင်း လက်ပူးလက်ကြပ်မိသွားမှာ။

သူမရဲ့မျက်နှာအရောင်က လူတွေကိုသံoယဖြစ်စေနိုင်တော့ ဖူကျို့ အလှပြင်ပစ္စည်းအားလုံးဆွဲထုတ်ပြီး အမျိုးသားသုံး နှုတ်ခမ်းနီအဆီကို ကောက်ယူလိုက်တယ်။ သူမအရမ်း ဖျော့နေတာ မသိသာအောင် နှုတ်ခမ်းနီအဆီကို သူမရဲ့နှုတ်ခမ်းမှာ အနည်းငယ်ပုတ်ပြီးဆိုးလိုက်တယ်။

အဲအချိန်မှာပဲ ရေချိုးခန်းထဲက ဆူညံသံတွေကြောင့် ချင်မော့နိုးလာပြီး အေးစက်စူးရှတဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့တယ်။ စောင်ကို ဆတ်ခနဲဆွဲခွာလိုက်အပြီးမှာ သူ့မျက်လုံးများ ကျဥ်းသွားလေတယ်။

ဒါက သွေး လား/
သန့်စင်ခန်းထဲမှာတော့ ဖူကျို့က သူမရဲ့သွယ်လျတဲ့ ခြေထောက်ကိုကြည့်ကာ တစ်ရှူးနဲ့ ဘေးဖက်ခြမ်းကိုသုတ်လိုက်ပြီး ကျောင်းဝတ်စုံဘောင်းဘီရှည်ကို ဝတ်လိုက်ပြီးနောက် အမှိုက်ပုံးထဲက အမှိုက်ကိုတချက် လှမ်းကြည့်လိုက်တယ်။ အိပ်ရာခင်းပေါ်မှာ သွေးစ ကျန်မကျန်မသိတော့ ဒီပြဿနာကို တမင်ပုံကြီးချဲ့လိုက်မှပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Tempat cerita menjadi hidup. Temukan sekarang