အခန်း (၃၄)

1.7K 204 8
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း (၃၄) သခင်လေးချင်က ပြောတယ် အဆက်အသွယ်မပြတ်စေနဲ့တဲ့

ထို့နောက် ဖူကျို့၏ သေးငယ်ပြီး ငှက်မွေးနှယ် ပေါ့ပါးလှသည့် ခန္ဓာကိုယ်ကြောင့် ရွယ်ယောင်ယောင်က သူမကို ကာကွယ်ပေးချင်စိတ်ပေါ်လာစေသည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး စိတ်ထဲ ထွေထွေထူးထူး မထားနေလေတော့ဘူး။

ထိုသို့ ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းမှာ ဖူကျို့က သူမကို ကာကွယ်ပေးခဲ့တာကြောင့်ပင်။
ဖူကျို့က ဘယ်အရာကိုမှ သူမ ဘက်မှ စတင်ပြီး အလျင်စလို လှုပ်ရှားခြင်းမရှိဘူး။

အကယ်၍ တစ်စုံတစ်ယောက်က သူမကို စိတ်ရင်းဖြင့် အမှန်တကယ် ကျေးဇူးတင်ခဲ့မည်ဆိုလျှင် သူမလည်းပဲ သည်လိုကျေးဇူးတင်သည်ကို သေချာပေါက် စိတ်ရင်းဖြင့် ပြန်လည်လက်ခံပေးမှာဖြစ်သည်။

ဖူကျို့က ကြည့်ကောင်းပြီး ချောမောသည့် သူတစ်ယောက် ဖြစ်နေသော်လည်း အပြင်ပန်းကိုသာ ကြည့်ပြီး လူတစ်ယောက်ကို အပေါ်ယံမှ ဆုံးဖြတ်ဝေဖန်တတ်သည့်သူမျိုးကို သူမ မုန်းသည်။
ဆယ်ကျော်သက်အရွယ်လေးမှာ နည်းနည်းလေးဝနေတာလေးက ဘာများအပြစ်ရှိလို့လဲ။ အဲဒါက သာမန်ပဲလေ။ လူတစ်ယောက်နဲ့ တစ်ယောက်က တူကြတာမှမဟုတ်တာ။

ထိုအရသာရှိသည့် ပေါင်မုန့်ကို သူမ စားနေရင်းဖြင့် ဖူကျို့က သူမ စားပွဲဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူမကရူပဗေဒနှင့် ပတ်သတ်သည့် သင်ကြားရေးအချက်အလက်ကို အနည်းငယ်မျှ ဟက်ရပေဦးမည်။

ရူပဗေဒ ဆိုသည်မှာသူမကို အမြဲလိုလို စိတ်အနှောင့်အယှက်ပေးပြီး အနောက်မှ ကျွဲလိုက်ခံရသလို ခံစားရစေသည့် ဘာသာရပ်ပင် ဖြစ်သည်။
သို့သော် သူမက ရူပဗေဒကို မဖွင့်နိုင်ခင်မှာပဲ Fri request တစ်ခုနှင့် မက်ဆေ့ချ်ငါးစောင် ဆက်တိုက် တက်လာသည်။

ပထမတစ်ခုကတော့ သာမန်ပင်။ Fri request ပို့သည့် ထိုသူ၏ ပုံစံအတိုင်း
" ငါက ချင်မော့"
အခြား လေးခုကလည်း သာမန်ပင်။

ငါလေးက ဒီကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ အခြားဘက်ခြမ်းတွေကို အောင်အောင်မြင်မြင် နှိုးဆွနိုင်ခဲ့တာပဲ။
သူပို့ထားသည့် မက်ဆေ့ချ်များက " ဟက်" ဆိုသည့်စကားလုံးသာ ဖြစ်ပြီး ထိုစကားလုံးများက အလွန်အမင်းကို အေးခဲသွားစေနိုင်သည့် အသွင်ကိုဆောင်နေပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now