အပိုင်း (၁၆၀) သူတို့ ဒီနေရာမှာ အနိုင်ယူရမှာ ပျော်စရာမကောင်းဘူး

983 105 2
                                    

ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၀) သူတို့ ဒီနေရာမှာ အနိုင်ယူရမှာ ပျော်စရာမကောင်းဘူး

ထိုနိုင်ငံအဆင့်အသင်းတွင် ဖူကျို့ကို သိသည့် ကစားသမားအနည်းငယ် ရှိ၏။ သူတို့သည် ဟယ်ဟုန်ဟွာအတွက် အလုပ်လုပ်ပေးခဲ့ဖူးသဖြင့်  ဖူကျို့ကို ပြဿနာကို ငွေဖြင့်သာ ဖြေရှင်းတတ်သည့်သူဖြစ်ပြီး အရည်အချင်းမရှိသူ အဖြစ်သာ မြင်ကြလေသည်။

“ တချို့ကတော့ တကယ့်ကို လူပေါ်ကျော့ပဲ၊ အင်တာနက်ဆိုင်မှာတောင် ကစားနေသေးတယ်”

“ သူက ဘာမှမသိတဲ့အရှုံးသမားတစ်ယောက်ပဲလေ၊ မင်း သူ့ဆီက ဘာတွေမျှော်လင့်နေတာလဲ”

“ ငါတို့တွေ အဲဒီကုမ္ပဏီက ထွက်လာတာ မှန်သွားတယ်၊ ဟယ်ဟုန်ဟွာက သူ့သားကို ဘယ်လို ဖျက်ဆီးရမလဲဆိုတာပဲသိတာ၊ နောက်ဆုံး ငါတို့ အနာဂတ်တွေပဲ ပျက်ကိန်းဆိုက်သွားလိမ့်မယ်...”

ရွှယ်ယောင်ယောင်သည် သူတို့တွေက မင်းသားလေးကျို့အကြောင်း ပြောနေကြသည်ကို သိလိုက်လေသည်။ သူမသည် ထိုလူငယ်ကို လှည့်ကြည့်လိုက်၏။

ဖူကျို့သည် ထိုမက်စ်ကို တပ်ထားဆဲ။ သူမ၏စူးရှသည့်မျက်လုံးများသည် ဆောင်းတွင်းတွင် ရေခဲချပ်တစ်ခုကဲ့သို့ လင်းလက်နေသော်လည်း အေးစက်ပြီး ကိုက်ခဲနေသည့် ခံစားချက်လဲ ပါလေသည်။

“ တူရာတူရာ စုကြတာပဲ၊ ငါ့ အတန်းဖော်ဆီက ကြားထားတာ သူ ဖက်တီးဝက်တစ်ကောင်ကို ရည်းစားတော်ထားတယ်တဲ့၊ အခုတော့ အဲဒါ တကယ်ဆိုတာ ငါ သိသွားပြီ”

ဖူကျို့သည် အစပိုင်းတွင် ဂရုမစိုက်ပေ။

သို့သော် ထိုစကားလုံးများကို ကြားလိုက်ပြီးနောက်တွင် ထိုလူငယ်လေးသည် သူ့ခြေထောက်ကို မ,ကာ သူတို့ကိုဖြတ်သွားသည့် အဖွဲ့သားတစ်ယောက်ကို ခပ်ပြင်းပြင်း ကန်လိုက်သည်ကို ရွှယ်ယောင်ယောင် တွေ့လိုက်ရတော့သည်။

ဘုန်း။

ထိုအဖွဲ့သားသည် သူ့ဒူးကို ကာထားပြီး သူ့မျက်နှာသည် နာကျင်မှုကြောင့် ဖြူဆွတ်သွားတော့သည်။

“ မင်းတို့ကောင်တွေ စကားကောင်း ဘယ်လိုပြောရမလဲမသိရင် သောက်ပါးစပ်ပိတ်ထားလိုက်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now