အခန်း (၁၈)

1.6K 203 0
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၁၈) ဖူကျို့ ဒေါသထွက်နေသည်

ဖူကျို့က ယခင်မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် မစ္စဖူတို့ ထူးဆန်းသည့်ဆက်ဆံရေးရှိသည်ကို ကောင်းကောင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၌ အရင်မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေလေသည်။

အရင်မူလခန္ဓာကိုယ်ပိုင်ရှင်ဖူကျို့က မည်သည့်အရာကိုမှကောင်းကောင်း နားမလည်သေးသည့်အပြင် ယောကျာ်းလေးကဲ့သို့ ဝတ်စားရသည်ကို စိတ်ညစ်ပြီး စိတ်ပျက်နေလေသည်။

သူမက ထိုအရာများအားလုံးကို သူမအမေကိုသာ အပြစ်တင်ပြီး ထိုအရာအားလုံးဟာ သူမအမေ၏ ပိုက်ဆံမက်သည့်လောဘကြောင့်ဟု ပြောခဲ့မိလေသည်။

အခြားတစ်ဖက်၌ သူမ၏အဖေဟာ သူမအပေါ် အရာရာကိုလိုက်ထိန်းချုပ်ပြီး ဖူရွယ်အာကို သတိထားရန် အမြဲပြောလေ့ရှိသည့် သူမအမေနှင့်မတူဘဲ သူမ လိုချင်တာမှန်သမျှကို အကုန် ရက်ရက်ရောရော ပေးလေ့ရှိသည်။

သူမက သူမအမေ မည်သည့်အရာပဲပြောပြော နားထောင်လေ့မရှိဘဲ သူမအမေက ဤကမ္ဘာပေါ်၌ အရက်စက်ဆုံးလူသားဟုတောင် ပြောခဲ့မိလေသည်။ သူမအမေက လူတိုင်းကို အကောင်းမမြင်တတ်တာပဲ ဟုပြောခဲ့မိလေသည်။

သူတို့၏အမေနှင့်သမီးဆက်ဆံရေးက သူမ ငယ် ငယ်လေးကတည်းက အေးတိအေးစက်နိုင်ခဲ့ပြီး သူမ ကြီးလာသည်အထိ သည်အတိုင်း ဆက်ရှိနေဆဲဖြစ်လေသည်။ သူမအမေ မည်သည့်အရာပြောပြော ဖူကျို့က သူစိမ်းဆန်ဆန်ဖြင့်သာ ပြန်ဖြေလေ့ရှိသည်။ ထို့နောက် ဖူသခင်မကြီးသည် ကျေးလက်ဒေသ၌ မွေးဖွားလာခဲ့သည်ဖြစ်ရာ အချို့အမူအကျင့်များကို သူမ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူး။

ဖူကျို့ ကျောင်းနေသည့်အရွယ်ရောက်လေတော့ သူမက သူမ၏အမေအပေါ်၌ ယခင်ထက်ပိုပြီး အထင်သေးလာတော့သည်။ အကြောင်းအရင်းမှာ သူမသည် တစ်ခါတစ်လေ အကြောင်းအရင်းမရှိဘဲ ဒေါသထွက်လေ့ရှိပြီး လူအများဖြင့် မည်သို့မည်ပုံ ကောင်းကောင်း ဆက်ဆံရမည်ဆိုသည်ကိုလည်း မသိသည့်အပြင် စကားပြောရာ၌လည်း တော်တော့်ကို အသံကျယ်သောကြောင့်ဖြစ်ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now