အခန်း (၆၂)

1.4K 152 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၆၂) သခင်ကျို့ ပါးဖြတ်ရိုက်တော့မယ်

ဖူကျို့က တစ်ဖက်လူမှ သူမကို ခေါ်နေသည် မဟုတ်ဘဲ အခြားတစ်ယောက်ကို ခေါ်နေသည်ကို သိပေသည်။ ထို့အပြင် သည်လူကြီးက သူမက မိသားစု၏ အရှက်ရဖွယ်ဖြစ်ကာ ဖူမိသားစုနှင့် သက်ဆိုင်မှု မရှိတော့သည်ကို တစ်ကမ္ဘာလုံးကို သိစေချင်ဟန်တူသည်။

ဒီလိုဆိုရင် ငါလေးကို ခေါ်နေတာမဟုတ်ရင် ဖြစ်နိုင်တာက ဟိုတစ်ယောက်များလား။

ဖူကျို့က သူမ မျက်ခုံးကိုပင့်လိုက်ပြီး အသံကြားရာဘက်သို့ လှည့်လိုက်သည်။

သူမ အသက်နှင့်ရွယ်တူလောက် ရှိမည့် လူငယ်တစ်ဦးက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ရုပ်ချောသော်လည်း အရပ်အမြင့်ကိုတော့ သူ့အမေဆီမှ အမွေရဟန်တူသည်။ ထို့ကြောင့် သိပ်မမြင့်ပေ။ သူ့ကို ကြည့်ရသည်မှာ စကားနည်းသည့်သူနှင့် တူသော်လည်း သူ့မျက်လုံး၌ စိတ်မရှည်မှု အတိုင်းသား ပေါ်လွင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုလူငယ်က အလိုလိုက်ခ ရ၍ ပျက်စီးနေသည့်လူငယ် ဖြစ်သည်ကို သိနိုင်သည်။ သည်သခင်လေးမှာ ဖူကျုံးရီ၏ တရားမဝင်သားဖြစ်သူ ဖူရှီမင်ပင်ဖြစ်သည်။

ကွန်ပျူတာအစိတ်အပိုင်းများ ဝယ်ရန် သူ့ကို အဖော်ပြုပေးနေသည့် လူနှစ်ယောက် ရှိနေသည်။ သူတို့အထဲမှ တစ်ယောက်ကို ဖူကျို့သိသော်လည်း သိပ်မရင်းနှီးပေ။ သာမန် အသိအဆင့်ရုံမျှသာ ရှိသည်။

ဟိုအရင်အချိန်၌ သူမက ပုံစံမကျသည့် အဝတ်အစားများဝတ်ကာ ဟယ်ဟုန်ဟွာနှင့် အမြဲလိုလို ရန်ဖြစ်လေ့ရှိသည်။ ထိုလူအထဲမှ တစ်ယောက်က သူမတို့ဘေး၌ အမြဲရှိနေပြီး ရန်ဖြစ်သည့်အချိန်တိုင်း ပြပွဲတစ်ခု ကြည့်နေရသလို ခပ်ရွဲ့ရွဲ့အပြုံးတစ်ပွင့် အမြဲ ဆင်မြန်းထားသည်ကို သတိထားမိသည်။ ဖူကျို့မှတ်ဉာဏ်ထဲ၌ သည်လူ၏ မနှစ်မြို့ဖွယ်ကောင်းသည့် အကြည့်များကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ဖြစ်နိုင်သည်က သူမ ဒေါသထွက်ကာ ပေါက်ကွဲလေတိုင်း ထိုအကြည့်များကို အမြဲ ကြည့်ခံရလေ့ရှိကာ ထိုအကြောင်းကြောင့်သာ သူမနှင့် ဟယ်ဟုန်ဟွာတို့ သေးသေးမွှားမွှား ကိစ္စအတွက် အမြဲ ရန်ဖြစ်ကြရတာဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now