အပိုင်း (၁၀၄) ကြယ်ပွင့်အသစ် ရွေးချယ်ပွဲ၏ ဘုရင်ဖြစ်လာခြင်း

1.4K 141 3
                                    

အပိုင်း (၁၀၄) ကြယ်ပွင့်အသစ် ရွေးချယ်ပွဲ၏ ဘုရင်ဖြစ်လာခြင်း

ရွယ်ယောင်ယောင်က ဖူကျို့၏ အဖြေကို မြင်လိုက်ပြီးသည်နှင့် လုံးဝကို အံ့အားသင့်သွားပေသည်။

ခန့်မှန်းတာကတော့ ကိစ္စတစ်ခု။ ဒီကိစ္စကို အတည်ပြုလိုက်တာကတော့ နောက်ကိစ္စတစ်ခု။

ရွယ်ယောင်ယောင်က ရုတ်တရက်ကြီး အဲဒီနေ့က အဖြစ်အပျက်ကို ပြန်တွေးမိလေသည်။ ထိုစဉ်က ဖူကျို့သည် မီဒီယာများ၏ အရှေ့၌ ရွှေရောင်သံချပ်ကာ ဝတ်ထားသယောင် တောက်ပနေပြီးတော့ သူ့မျက်လုံးတွေဟာလည်း ထိုစကားကို ပြောသည့်အချိန်၌ တလက်လက်တောက်ပနေသည်။

"ငါယုံကြည်တာကတော့ တရားမျှတမှုဟာ နောက်ကျကောင်းနောက်ကျနိုင်ပေမဲ့ ဘယ်တော့မှသင့်ကို မျက်ကွယ်ပြုမှာ မဟုတ်ပါဘူး"

အဲတာဆို ဒီဟာက အမှန်ပဲပေါ့။

ပြီးတော့ ဒီအမှန်တရားက လက်စသတ်တော့ ဒီလိုကိုး...

ရွယ်ယောင်ယောင်၏ မျက်လုံးများက နီရဲနေပြီး သူမက ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ ဝမ်းသာလွန်းသောကြောင့် ငိုချင်နေပေသည်။ ထို့ကြောင့် မငိုမိအောင် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားပေ၏။

သူမက ဆင်းရဲပြီး ရုပ်ဆိုးသည့်အပြင် ဝလည်း၀သေးသည်။

ထိုကြောင့် သူမဟာ ကျောင်း၌ အမြဲလိုလိုအနိုင်ကျင့်ခံတစ်ယောက် ဖြစ်နေပေသည်။

အချို့သော အနိုင်ကျင့်ခြင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာတင်မက အချို့က အဘက်ဘက်ကနေ လှောင်ပြောင်သရော်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ အနိုင်ကျင့်ကြသည်။ အချို့က မသိမသာလေး လှောင်ရယ်ကြပေမဲ့ သူတို့ဟာလည်း သူမ၏ နှလုံးသားနှင့် စိတ်ကို အခြားသူတွေလို အက်ရာထင်အောင် အနိုင်ကျင့်ကြခြင်းနှင့်တူ၏။

ရွယ်ယောင်ယောင်က ဖူကျို့လိုလူတစ်ယောက်နှင့် တွေ့ဆုံခွင့်ရခြင်းအတွက် တကယ့်ကို ကျေးဇူးတင်နေပေသည်။

သူဟာ အလွန့်ကို ဆွဲဆောင်မှုရှိသည့် မျက်နှာလေးနှင့် နှလုံးသားလေးကိုပိုင်ဆိုင်ထားပြီးတော့ သူမကို ကြည့်သည့် အကြည့်များက နွေးထွေးမှုတွေနှင့်ပြည့်နှက်နေပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now