အခန်း (၈၃)

1.4K 144 0
                                    

အခန်း (၈၃) တိမ်နဲ့ရွံ့နဲ့ ထမင်းတူတူစားကြတယ်

ညနေ ခြောက်နာရီ၌ ဖူကျို့နှင့် ချင်မော့က မီးပွိုင့်မမိခင်လေး လိုအပ်သည့် အစိတ်အပိုင်းများကို ဝယ်ပြီးသည်နှင့် hotpotဆိုင်သို့ ပြန်လာခဲ့လေသည်။

အတွင်းရေးမှူးလျန်သည် အချိန်ကို ခဏခဏကြည့်ရင်းဖြင့် သူတို့ဝင်အလာအား စားသောက်ဆိုင်၏ဝင်ပေါက်၌ စောင့်ဆိုင်းနေပေသည်။ သူ့သခင်လေး၏ အနက်ရောင်ကား ပေါ်လာတော့မှပဲ သက်ပြင်းချနိုင်ပေတော့သည်။

သို့သော် ခဏအကြာမှာတော့ သူ့မျက်လုံးတွေဟာ ရှော့ခ်ရမှုကြောင့် ပြူးကျယ်သွားပေတော့သည်။

အကြောင်းအရင်းမှာ ကား၏ အရှေ့ခန်းက ချင်မော့၏ ဘေး၌ ထိုင်နေသည့် ယောက်ျားလေးတစ်ယောက်ကို သူမြင်လိုက်ရသောကြောင့်ဖြစ်ပေသည်။

စီအီးအိုချင်က သူ့ရဲ့ဘေးဘက်မှာ ပေးထိုင်တယ်ဆိုတာက ရှားပါးဖြစ်ရပ်လေ! ဒီလူကဘယ်သူလဲ!

အတွင်းရေးမှူးလျန်သည် ထိုလူကို နီးနီးကပ်ကပ် မြင်ရဖို့အတွက် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်လေသည်။

သူ့ကို အံ့အားသင့်စေတဲ့အရာကတော့ ဒီလူဟာ အရင်ကသူတွေ့ခဲ့ဖူးတဲ့လူဖြစ်နေတာပါပဲ။

ဒီလူက ငါတို့စီအီးအို ကျောင်းသွားတဲ့လမ်းမှာတွေ့လိုက်ရတဲ့ အမွေဖြတ်ခံလိုက်ရတဲ့ သခင်လေးဖူ မဟုတ်ဘူးလားဟ။

အတွင်းရေးမှူးလျန်က ဖူကျို့ကို သည်လိုနည်းဖြင့် နာမည်တပ်ခေါ်တာကို အပြစ်တင်၍ မရပေ။ တကယ်တော့ ဖူမိသားစုရဲ့စီးပွားရေး ကြီးပွားလေလေ ဖူကျို့ရဲ့ဂုဏ်သိက္ခာက မြောင်းထဲရောက်လေလေ ဖြစ်သောကြောင့်ပင်။

ယင်းက သူ့နာမည်ကို ပထမဆုံးကြားဖူးတာ မဟုတ်ပေ။ ကျန်းမြို့မှာတော့ အထက်တန်းလွှာက လူတိုင်းက ထိုသခင်လေးဖူကို မြင်လိုက်တိုင်း လှောင်ပြောင်သရော်သောကြောင့် ဖြစ်လေသည်။

မရေတွက်နိုင်သည့် night clubများက ဖူကျို့ကို သူတို့ဘားဆီ လာခွင့် ပိတ်ထားသည်။ အထူးသဖြင့် အထက်တန်းလွှာနေရာမျိုး ဖြစ်သည်။ သူ့နာမည်ကိုကြားလိုက်သည်နှင့် လူတိုင်းက သူတို့ခေါင်းကို ချက်ချင်းခါယမ်းလိုက်ပေလိမ့်မည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now