အခန်း (၅၈)

1.6K 169 4
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၅၈) တစ်စုံတစ်ယောက်က ဖူကျို့ကို နတ်ဘုရားချင်လို ဖြစ်အောင် ပျိုးထောင်ပေးမယ်

ချင်မော့က အန္တရာယ်ရှိသည့် အငွေ့အသက်များ ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံး အောက်ခြေ၌ အလွန်တရာ အေးစက်သည့် အငွေ့အသက်များ ရှိနေပေသည်။

"ငါတို့ ဘော့စ် ထပ်မရှင်းရတော့ဘူး မလား၊ ကြည့်ရတာမင်းရဲ့လက်ကို ရိုက်ချိုးစေချင်တာနဲ့တူတယ်"

ကြီးမြတ်လှတဲ့ သခင်လေးချင်ကတော့ ထပ်ပြီး ဆတ်ဆတ်အထိမခံပြန်ဘူး။

ဖူကျို့က ပျင်းရိပျင်းတွဲ အညောင်းဆန့်လိုက်ပြီး နောက်ထပ် အီစီကလီထပ် မရိုက်သည်က ပိုကောင်းမည်ဟု တွေးနေပေသည်။ မဟုတ်လျှင် အကျိုးဆက်အနေဖြင့် သူမ နုပ်နုပ်စဉ်း ခံရပေတော့မည်။

သူမ စဉ်းစားနေစဉ် ဖူကျို့က စုပ်လုံးကို ပါးစပ်ထဲ၌ ငုံထားဆဲဖြစ်သည်။ သူမ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီးမောက်စ်ကို နှိပ်လိုက်ကာ သူမကို ဘော့စ်ရှင်းခ အမြင့်ဆုံးပေးသည့်သူ၏ "ငါသည် ကြီးမြတ်လှသောနတ်ဘုရား၏ မန်နေဂျာဖြစ်သည်" ဟူသော အကောင့် ပရိုဖိုင်ကို နှိပ်ကြည့်လိုက်သည်။

ငါသည် ကြီးမြတ်လှသောနတ်ဘုရား၏ မန်နေဂျာဖြစ်သည်၊ ထူးဆန်းလိုက်တာ၊ ဘယ်လို အကောင့်နာမည်ကြီးလဲ။

ဖူကျို့က ချင်မော့နှင့် စကားပြောနေရင်း ထိုလူကို ညွှန်ပြလိုက်သည်။

ချင်မော့က သည်ကစားသမားကို တစ်ချက်ကြည့်လိုက်ပြီး သူ့နက်မှောင်သည့် မျက်ဝန်းများ၌ အေးစက်မှု အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။

မန်နေဂျာက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် သူ့ဘေးမှ လက်ထောက်ကို မေးနေပေသည်။

"စီအီးအိုက တစ်ကြိမ်လောက် ငါ့အမိန့်ကို လိုက်နာအောင် ငါဘယ်လိုလုပ်ရမလဲ"

လက်ထောက်က လည်ပင်းကို ကျုံ့လိုက်ကာ

"စာ....စာရိုက်လေဗျာ"

စာရိုက်ရမယ်။

မန်နေဂျာက ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် အလွန်အမင်း အူမြူးသွားပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now