အခန်း (၄၅)

1.6K 194 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၄၅) နင်လေးက ငါ့ကို နင့်ဘောင်းဘီကို ချွတ်ခိုင်းစေချင်တာလား

ယောကျာ်းလေးသန့်စင်ခန်းဆီ ရောက်တော့ ချင်မော့က သူမ ကော်လံကို လွှတ်ပေးလိုက်လေသည်။
"ဘာလို့ မင်းက သန့်စင်ခန်းအပြင်ဘက်မှာ ကြောင်တောင်တောင်နဲ့ ရပ်နေတာလဲ"
"ဟမ်"

ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ကာ အပြုံးလေးဖြင့် ဖြေဆိုရန် ငြင်းဆန်လေတော့သည်။
"ငါလေး ဘယ်အချိန်တုန်းက ကြောင်တောင်တောင်နဲ့ရပ်နေလို့လဲ၊ ဟိုကောင်မလေးကို အထာပေးနေတာလေ"

ချင်မော့က သရော်လိုက်ပြီး ဘေး၌ ရပ်နေလိုက်သည်။ သူ့ရှပ်အကျီ၏ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားလေတော့ သူ့ရင်ဘတ်အား မသိမသာမြင်နေရပေသည်။ သူက ဖူကျို့ကို စိုက်ကြည့်လိုက်ပြီး
"မင်းပဲ ရှူးပေါက်ချင်တာမလား ဘာလို့ ဒီကိုမလာတာလဲ"
ဒီ..ကို..လာတဲ့လား။

ဖူကျို့က ထိုယောက်ျားလေး သန့်စင်ခန်းမှ ရှူးပေါက်သည့်ခွက်ကို ကြည့်လိုက်လေသည်။
ငါလေး ဘယ်လိုလုပ်လာရမှာလဲလို့။
ငါလေးက ချောမောပြီးလှပတဲ့ကောင်လေးနဲ့ တူပေမဲ့ တကယ်ဆိုရင် ငါက မိန်းကလေးလေဟယ်။

ငါလေး တကယ်လို့ ရှူးပေါက်ချင်ရင်တောင်မှ ဒီလိုရှူးပေါက်တဲ့ခွက်ကြီးတော့ မလိုပါဘူးဟဲ့။
သူမ ဆီးသွားသည့်နေရာကို မလာဘဲ အချိန်ဆွဲနေတာကြောင့် ချင်မော့က တစ်စုံတစ်ခုကို သတိထားမိသွားပြီးရုတ်တရက်ကြီး ဖူကျို့ဆီကို လျှောက်လာလိုက်သည်။ သူက သူမအား ငုံ့ကြည့်လိုက်ပြီး စူးရှသည့်မျက်လုံးဖြင့် စိတ်မပါစွာ ပြောလိုက်လေသည်။

"ငါ ကြားရတာတော့ ဒီလိုဂိမ်းထဲက အသိတွေတွေ့ရင် ရှူးတူတူပေါက်ရတယ်တဲ့"
ကြည့်ရတာ ဒီသခင်လေးချင်က သူနဲ့အတူတူ ရှူးပေါက်ဖို့ အတည်ကြီးပြောနေတဲ့ပုံပဲ။
သောက်ကျိုးအကြိမ်တစ်ရာနည်းတဲ့ ဒီလိုဒိတ်မျိုး။

ဒါပေမဲ့ ငါလေး ဘယ်လိုလုပ် ရှူးပေါက်ရမှာလဲ၊ ငါလေးမှာ ရှူးထုတ်ပေါက်ဖို့ ဟွာမှ မရှိတာကိုဟဲ့။
ဖူကျို့က သူမ ခေါင်းကို စောင်းလိုက်ပြီးတော့ ထိုကိစ္စကို မည်သို့မည်ပုံ ဖြေရှင်းရမလဲဆိုသည်ကို အသည်းအသန်တွေးတောနေသည်။ သူမ ရုတ်တရက် ခေါင်းကို မော့လိုက်ကာ ချင်မော့ရင်ဘက်ကို ထိလိုက်ပြီးတော့ နံရံဆီသို့ ကပ်သွားအောင် တွန်းလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now