အပိုင်း (၁၇၄) ငါက မင်းရဲ့သခင်လေးနဲ့ တစ်ခန်းထဲအိပ်မှာ

904 98 2
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၇၄) ငါက မင်းရဲ့သခင်လေးနဲ့ တစ်ခန်းထဲအိပ်မှာ

ချင်မော့သည် သူနှင့်တလက်မအကွာလောက်တွင်ရှိနေသည့်ကောင်လေးကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ အကုန်လုံးတဲ့လား၊ ငါဒီလိုစာအုပ်မျိုး မဖတ်တာတောင် တစ်ခုခု မှားနေတာသိတယ် မင်းလုပ်ကြံပြောထားတာဆိုတာလေ”

“ ငါလေး ဘယ်လိုလုပ်တတ်နိုင်မှာလဲ”

ဖူကျို့တည်ငြိမ်စွာ ငြင်းရင်း ဖွင့်ထားသည့်စာအုပ်ကိုချပြလိုက်ကာ သူမ ဂရုမစိုက်ဘဲ ရယ်နေလေသည်။

“ ကြည့်လေ ဒီမှာအဲလိုပဲရေးထားတဲ့ဟာကို”

“ ဒီတော့ ဝတ္ထုထဲကကောင်မလေးက ကမ္ဘာပေါ်က ယောက်ျားတိုင်းက သူမကိုကြိုက်နေတယ်လို့ တကယ်ကြီးထင်နေတယ်ပေါ့လေ”

ချင်မော့သည် သူ့လက်ချောင်းသွယ်လေးဖြင့် စာအုပ်ကိုထောက်ပြလိုက်သည်။ သူမျက်လုံးများက အတန်အေးစက်နေတော့သည်။

“ငါထင်တာက ငါ့ကိုလိုက်တဲ့သူတွေမှအများကြီးပဲ များလွန်းလို့ ကျောင်းဂိတ်ပေါက်ကနေ ငါ့စာသင်ခန်းအထိ တန်းစီနေရတာလေ”

ဖူကျို့သည် ပျင်းရိပျင်းတွဲနှင့် ပြန်ပြောလိုက်လေသည်။

“ အဲဒါ ဘာမှားလို့လဲ အစ်ကိုမော့ကျောင်းသွားတဲ့အခေါက်တိုင်း ဒီထက်တောင်ပိုဆိုးသေးတယ်၊ ကျောင်းအုပ်ကြီးတောင် နင်လေးကိုထွက်ကြိုရတာလေ၊ ဒါကိုလဲ ပုံမှန်လို့ ပြောချင်သေးတာလား”

ထိုခဏ၌ ချင်မော့ ဆွံ့အသွားတော့သည်။

ဖူကျို့၏နှုတ်ခမ်းပါးများမှာ ပြုံးနေလေတော့သည်။ သူမ သည်နတ်ဘုရားကို နင်စေနိုင်သည့် ခေါင်းစဥ်ကို နောက်ဆုံးတော့ အစဖော်နိုင်ခဲ့လေပြီ။

သူမ ဒါကို ဆက်ဖတ်ရမယ်။

ချင်မော့သည် ဒီကောင်လေး၏စိတ်ကို အဆိပ်ဖြစ်စေမည့်အရာများကို ထပ်လုပ်ခိုင်းရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ “ ငွေအိတ်များရှင် အိုးရန်” ဆိုသည့် နာမည်ကို ကြားလိုက်ကတည်းက သူသည် သည်စာအုပ်ကို ပိတ်လိုက်ချင်နေတော့သည်။ သူသည် ကောင်လေး၏မျက်နှာကိုတချက် ထပ်ကြည့်လိုက်ပြီး သူ့မျက်ခုံးများကိုပင့်လျက် မေးလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now