အပိုင်း (၁၆၉) ကြီးမြတ်တဲ့သခင်လေး အိပ်ရာဝင်ပါတော့မယ်

855 77 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၆၉) ကြီးမြတ်တဲ့သခင်လေး အိပ်ရာဝင်ပါတော့မယ်
ထိုစကားကိုကြားလိုက်သည်နှင့် ဖူကျို့သည် သူမ၏လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ သူမကျောင်းယူနီးဖောင်းမှာ လျော့ရဲနေပြီး မျက်ခုံးများကိုလှလှပပပင့်တင်လိုက်ရာ သူမ၏ပုံမှာ အပြစ်ကင်းစင်ဟန် ပေါက်နေလေသည်။
“ အစ်ကိုမော့ ငါလေး ဘယ်လောက် သဘာဝကျကျလုပ်တတ်သလဲ နင်လေးသိပါတယ် ဒီတော့ ငါလေးက အောက်မှာနေတဲ့သူလုပ်လို့ဘယ်ဖြစ်မလဲ”
“ မင်းကြည့်ရတာ အောက်မှာနေရတာအသေကြိုက်တဲ့ပုံပဲ”
ချင်မော့ ထိုစာအုပ်များကို အမှတ်တမဲ့ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သူအမိန့်သံပါပါ ထပ်ပြောလိုက်သည်။
“ အချောအလှလေးတွေက အမြဲအောက်မှာပဲနေရသလိုပေါ့”
ဖူကျို့ : “….. “
ဒါကို ချီးမွှမ်းနေတာလို့ပဲ သူမလက်ခံလိုက်ရမလား မသိ။
ကြီးမြတ်တဲ့သခင်လေးရဲ့ အဆိပ်ပြင်းတဲ့ပါးစပ် စကေးသည် လူတွေကို အတွင်းဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေနိုင်တယ်လေသည်။
“ မင်းက အမြဲတမ်းဒီလို စာအုပ်တွေပဲဖတ်နေတာကိုး။ အတန်းထဲမှာ ဘိတ်ချေးရတာလဲ မဆန်းဘူး”
ချင်မော့သည် မတ်မတ်ရပ်နေရာ ကျောက်စိမ်းရုပ်ထု တစ်ခုနှင့်တူနေတော့သည်။ သူ့ဘယ်လက်ကို အိတ်ကပ်ထဲထည့်ထားပြီး သူ့မျက်လုံးများက ခပ်ညံ့ညံ့ကျောင်းသားလေးကို လှောင်နေလေသည်။
“ မင်း ဒီလိုစာအုပ်တွေကိုကြိုက်တယ်ဆိုမှတော့ ဒီနေ့ည တစ်အုပ်စီတိုင်းရဲ့ ပထမ ၃မျက်နှာကိုဖတ်ရမယ်”
ဆယ်အုပ်လုံးရဲ့...... ပထမသုံးမျက်နှာ.....
စုစုပေါင်း စာမျက်နှာ သုံးဆယ်
ဖူကျို့နှုတ်ခမ်းမဲ့လိုက်ပြီး သူ့ရဲ့စိန်ခေါ်နေတဲ့စကားကိုပြန်မချေပမှီ ရယ်လိုက်လေသည်။
“ ဒါဆို ဒီကနတ်ဘုရားရဲ့ စာသင်ချိန်ကနေ အချိန်အများကြီးဖဲ့ယူနေရမှာပေါ့ ဒီတော့ ငါလေးမလုပ်တာပဲ ကောင်းပါတယ် ငါလေး ဒီစာအုပ်တွေကို အရမ်းကြိုက်ပေမဲ့ပေါ့လေ ဒါတွေကို ကိုယ်ပိုင်အားလပ်ချိန်မှာ ဖတ်လို့ရပါတယ်”
“ ဪ မင်းကသိပ်တွေးပေးတတ်တဲ့သူပါပဲလား”
ချင်မော့ သူ့နှုတ်ခမ်းများကွေးသွားအောင်ပြုံးလိုက်လေသည်။
“ ဒါပေမဲ့ ငါ့စာသင်ချိန်ကို မင်းအတွက်သုံးမယ်လို့ ဘယ်သူပြောလို့လဲ မင်းပြောသလိုပဲလေ ဘဝကြီးကနဂိုကတည်းက ကြမ်းတမ်းတာဆိုတော့ စာဖတ်ရင်း အနားယူသင့်တာပေါ့၊ ငါကတော့ ဒီစာအုပ်တွေဖတ်ဖို့ ငါ့ဦးနှောက်ကို သုံးစရာမလိုဘူးလေ၊ ပြည့်စုံပြီးသား၊ မင်းကို ရူပဗေဒသင်ပြီးရင် အဲတာတွေ ငါ့ကိုပြန်ဖတ်ပြ”
ဖူကျို့ : “….. “
သူဘာလို့များ ငါလေးရဲ့စကားလုံးတွေကိုသုံးပြီး ငါလေးကိုဘာလို့ ပြန်တိုက်ခိုက်နေတာတုံး။
နတ်ဘုရားကြီးက ဒီလိုတွေလုပ်တာ သိပ်ရှက်ဖို့ကောင်းချက်ပဲ။
တခြားလူတွေရဲ့ သူတို့ဘဝအခက်အခဲတွေကို ငါလေးကိုလာပြောစရာမှမလိုတာ၊ ငါလေးရဲ့ အလုပ်လဲမဟုတ်။
သို့သော် အရေးကြီးသည့်အချက်တွေကို ဖူကျို့သည် မည်သို့အာရုံစိုက်ရမည်ကို သိပြီးသားဖြစ်ရာ သူမမျက်လုံးများကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။
“ အိပ်ရာမဝင်ခင်လား”
ချင်မော့ သူမအမေးကို စောင့်နေလေသည်။ သူမ၏မျက်လုံးတည့်တည့်ကိုကြည့်ပြီး သူမဆီ ဖြည်းညင်းစွာလျှောက်လာ လေသည်။
ချင်မော့၏မျက်လုံးအရောင်ကို ဖူကျို့မြင်လိုက်ရသည်။ ထိုမျက်လုံးတို့မှာ ရင်းနှီးဖော်ရွေဟန်မရှိပါ။
ဖူကျို့၏အခန်းမှာ ချင်မော့အခန်းလောက်မကျယ်ချေ။ သူမရပ်နေသည့် စာအုပ်စင်နေရာကလဲ အရမ်းမကြီးချေ။ ချင်မော့ ပုံမှန်တခါရွေ့လိုက်သည်နှင့် သူ၏လွမ်းမိုးတတ်တဲ့အရောင်အဝါတို့သည် လူတွေကို သိသိသာသာ စိတ်ဖိစီးမှုခံစားရ စေလေသည်။
“ ညီလေးကျို့က လူတွေကို မင်းအိမ်ခေါ်အိပ်ရတာကြိုက်တာပဲ။ မင်း ငါ့ဆီလာအိပ်ဖို့ ငါ့တောင်းဆိုချက်ကို လက်ခံမယ်ဆိုတာ သေချာတယ်”
သူသည် သူမကိုအေးစက်စက်ကြည့်နေပုံမှာ အကယ်၍များ သူမ “ ဟင့်အင်း”လို့ပြောလိုက်လျှင် သူမ၏အိမ်ဖြစ်သော်ငြား သူမကို ပြတင်းပေါက်ကနေ ပစ်ချလိုက်မယ်ဆိုတဲ့ အသွင်ကိုပြနေလေသည်။
ဒီနေရာရဲ့ပိုင်ရှင်မှာ သူမထပ်စာလျှင် သည်နတ်ဘုရားနှင့် ပိုတူနေသည်ကို ဖူကျို့ခံစားမိလိုက်သည်။ သူ့၏လွမ်းမိုးတတ်သည့် စွမ်းအားအောက်တွင် ချန်ရှောင်တုံး ပိုသတိဖြင့်ပြုမူနေရတော့သည်။
နေပါအုံး.... ငါလေးတို့တကယ်ပဲ အတူတူ ထပ်အိပ်ရအုံးမှာလားဟ
မနေ့ကပဲ အိပ်ခဲ့ပြီးပြီလေ.....
မနေ့ကအခြေအနေနဲ့ မတူတာတောင်မှ ဒါက ဖူအိမ်တော်လေ သူမရဲ့ပိုင်တဲ့နေရာ။ ဒါက နည်းနည်းပိုကောင်းတယ်လို့ ထင်ရပေမဲ့ မနက်နိုးလာမဲ့အကြောင်းကိုတွေးလိုက်ရင် သူမအတွက် ပိုရက်စက်ရာ ကျသေးတယ်။
ကြီးမြတ်တဲ့သခင်လေးကလဲ သူမကို ငြင်းဖို့အခွင့်အရေးတောင်မပေးလေဘူး။ သူသည် စားပွဲအောက်မှထိုင်ခုံကို ညာလက်နဲ့ဆွဲထုတ်ပြီး ပျင်းရိစွာခြေချိတ်ထိုင်လိုက်ပုံက အလွန်ပင်မဟာဆန်နေတာ့သည်။
ဓားတချောင်းကဲ့သို့ ခက်ထန်သည့်မျက်နှာထားနှင့် သူ့ဘေးရှိတခြားသစ်သားကုလားထိုင်ဘက်စောင်းပြပြီး ပုံစံမှာ ခုချက်ချင်းလာထိုင်လိုက် ဆိုသည့် အဓိပ္ပာယ် ရှင်းရှင်းလင်းလင်းကြီး ပြနေေတာ့သည်။
ကြီးမြတ်လှသောသခင်လေးသည် အသံတချက်ထွက်ရန်မလိုပဲ သူမကို အသံတိတ် အမိန့်ပေးနေလေရာ .... ဖူကျို့ စိတ်ထဲတွင်ပွစိပွစိ ဆဲရေးနေမိတော့သည်။ သို့ရာတွင် သူ့စာမေးပွဲမေးခွန်း လျှို့ဝှက်ချက်ကို ရဖို့အရေး သူမ နာခံလိုက်ရလေသည်။
ဘာပဲဖြစ်ဖြစ် ရပ်နေရတာလဲ ပင်ပမ်းလာပြီဆိုတော့။ သူမထိုင်ချလိုက်ပြီးနောက်မှာတော့ ဒီနတ်ဘုရားကြီးကို သူမရဲ့နေရာမှာ မအိပ်ဖို့အရေး အကြောင်းပြချက်ကောင်းကောင်းပေးဖို့စဥ်းစားရတော့မှာပေါ့.....
ချင်မော့ ကောင်လေးကို တချက်ကြည့်ပြီး သုန်မှုန်နေတဲ့လေသံနဲ့ပြောလိုက်တယ်။
“ ပြီးခဲ့အခေါက်က ငါ မေးခွန်ကြီးတစ်ခုခန့်မှန်းခဲ့ပြီးပြီ။ ဒီတခေါက် အဖြေရွေးရမဲ့ မေးခွန်းအခု၂၀ကို ခန့်မှန်းမယ်”
ဒီလိုကြားလိုက်တာနဲ့ ဖူကျို့စိတ်ချက်ချင်းပြောင်းသွားတော့တယ်။
ရူပဗေဒမေးခွန်းတွေထက်စာရင် ဒီနတ်ဘုရားကိုအိပ်ခွင့်ပေးဖို့အပေးအယူကောင်းတစ်ခုပဲ၊ အမိုက်စားပဲ ရေးး။
...

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now