အခန်း (၆၆)

1.4K 177 5
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၆၆) သခင်လေးချင်က ကုမ္ပဏီမှာ အီစီကလီရိုက်ခြင်းကို တားမြစ်လိုက်တယ်

ချင်ကုမ္ပဏီ၏ အပေါ်ထပ်မှ ရုံးခန်း၌ အတွင်းရေးမှူးလျန်က သူ့စီအီးအို၏ လက်ချောင်းများက စာရိုက်နေရင်း ရပ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဘာလို့ ရုတ်တရက်ကြီး ပုံမှန်အနေအထားကနေ စိတ်ဆိုးသွားတဲ့ပုံ ပေါက်သွားရတာလဲလို့၊ အခု စီအီးအို ဘာတွေ ဖြစ်နေတာလဲ။

အတွင်းရေးမှူးလျန်က ရုတ်တရက် ဟိုနေ့က သူ့စီအီးအို အွန်လိုင်း၌ ဒိတ်သည့်အကြောင်းကို တွေးမိသွားသည်။ချင်မော့က ဖူကျို့ပို့လိုက်သည့် မက်ဆေ့ချ်ကို ကြည့်နေဆဲဖြစ်ပြီး မျက်ခုံးပင့်လိုက်ကာ စာရိုက်လိုက်သည်။

" ချင်ကုမ္ပဏီက မင်း ဒီလို လျှောက် အီစီကလီရမဲ့ နေရာမျိုး မဟုတ်ဘူး၊ နားလည်လား"

ဖူကျို့က ချင်မော့ ပို့လိုက်သည့်စာကို ကြည့်လိုက်ပြီး စုပ်လုံး ငုံထားလျက်သား

"မစိုးရိမ်ပါနဲ့ဟယ်၊ ချင်ကုမ္ပဏီမှာ နင်လေးလောက် ချောတဲ့သူ မှမရှိတာ၊ တကယ်လို့ ငါလေး အီစီကလီရင်တောင် နင်လေးကိုပဲ အီစီကလီလိုက်မှာပေါ့၊ မိချင်းမိ ငါးအကြီးကြီးကိုပဲ မိအောင် ဖမ်းမယ်လေဟာ"

ငါးအကြီးကြီး၊
ဘယ်သူကများ ဒီလို နည်းလမ်းနဲ့ ဖော်ပြခံရတာကို ကြိုက်မှာလဲ။ ဇီဝဗေဒဆရာက ဒီကောင်စုတ်လေးကို စာကော သေချာသင်ပေးနေရဲ့လား။

ချင်မော့၏ လက်ချောင်းများက တုံ့ဆိုင်းသွားကာ သူ့မျက်ဝန်း၌ အေးစက်မှု အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ချင်မော့နံဘေး၌ ရပ်နေသည့် အတွင်းရေးမှူးလျန်က သူ့စီအီးအိုက ဖုန်းကို လူသေကောင်လို စိုက်ကြည့်နေရုံသာမက ဘေး၌ ရပ်နေသည့်သူ့ကိုပါ ကျောချမ်းအောင် လုပ်နိုင်စွမ်းရှိသည် ဟုသာ တွေးနေမိသည်။

ဟိုဘက်ကလူက ငါတို့ စီအီးအိုကို ဒေါသထွက်အောင် ဘာလုပ်ပြန်ပြီလဲ မသိဘူး၊ ဘာလို့ ရုတ်တရက်ကြီး အေးစက်သွားရပြန်တာလဲလို့။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now