အပိုင်း (၁၂၂) ချင်မော့က သူ့ညီလေးကို အလိုလိုက်တယ်

1.2K 120 1
                                    

အပိုင်း (၁၂၂) ချင်မော့က သူ့ညီလေးကို အလိုလိုက်တယ်

ပုံမှန်အားဖြင့် ဒီလိုအချိန်မျိုး၌ ဘယ်သူကမှ ချင်မော့ကို သွားရှုပ်ရဲကြမည်မဟုတ်ပေ။

သို့သော် ဖူကျို့ကတော့ ခြားနားပေသည်။ အကြောင်းမှာ ဘယ်အရာကမှ သူမအတွက် ကြောက်ဖို့ မကောင်းတာကြောင့်ပင်။

"နင်လေး ငါ့ကို နည်းနည်းလေးပိုပြီးတော့သက်ညှာပေးရင် ပိုကောင်းမှာပဲ"

"ငါ မင်းကိုအခန်းထဲက ကန်မထုတ်တာပဲ အတော်လေးသက်ညှာနေခဲ့ပြီးပြီ"

ချင်မော့သည် သုန်မှုန်နေသည့်အသံဖြင့် ပြောလိုက်ပေသည်။ ထို့နောက် ချင်မော့သည် ဖူကျို့၏ လက်ကို မျက်လုံးထောင့်မှတစ်ချက်ကြည့်လိုက်လေသည်။

သူမ၏ ကိုယ်ဟန်နေထားကို ကြည့်လိုက်ပြီးတော့ ဖူကျို့က အလေးနက်ထားသည့်အသံဖြင့် ရှင်းပြပေတော့သည်။

"ငါလေး ဒီလိုလုပ်တာက ငါတို့အရမ်းရင်းနှီးတာမို့လို့လေဟ"

"ကြည့်ရတာ မင်း လူတွေအများကြီးနဲ့ရင်းနှီးတယ်နဲ့တူတယ် ဥပမာ ရွယ်ယောင်ယောင်လိုပေါ့!"

ချင်မော့သည် ထိုစကားကိုပြောရင်းဖြင့် နှာခေါင်းရှုံ့လိုက်ပေ၏။ ချင်မော့သည် ဒီကောင်လေးက ရွယ်ယောင်ယောင်လို မိန်းကလေးမျိုးကို စိတ်ဝင်စားလိမ့်မည်ဟု မထင်ထားမိပေ။ သူ့ရှပ်အင်္ကျီကို ပြုပြင်လိုက်ရင်း လက်ရှိခေါင်းစဉ်ကို စကားလမ်းကြောင်း လွှဲလိုက်သည်။

"မင်း ဗိုက်ဆာနေပြီလား"

"ခုနကတည်းက"

ဖူကျို့က တုတ်ထိုးသကြားလုံး ငုံထားလျက် ခေါင်းညိတ်ပြလေသည်။

ဖူကျို့ပြောလိုက်သောစကားကို ကြားသည်နှင့် ချင်မော့သည် သူမကို လှည့်ကြည့်လိုက်ပေ၏။

ချင်မော့သည် သူအတော်လေးဇီဇာကြောင်ပြီးအတွေးများမိသွားတယ်လို့ခံစားလိုက်ရသည်။

ဒီကောင်လေးက ရွယ်ယောင်ယောင်အပေါ်  ကောင်းကောင်းဆက်ဆံပေးတာပဲရှိတာ ကြည့်ရတာ ချစ်မြတ်နိုးတဲ့ပုံလည်း မပေါ်ပါဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now