အပိုင်း (၁၉၀) ကြီးမြတ်တဲ့သခင်လေးရဲ့တည်ရှိမှုက ကျန်ရှိနေတုန်းပဲ

860 97 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၉၀)  ကြီးမြတ်တဲ့သခင်လေးရဲ့တည်ရှိမှုက ကျန်ရှိနေတုန်းပဲ

ဖူကျို့ကို လှောင်ရယ်ခဲ့ကြသော တခြားသူများကလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်ကာ ထိုနည်းတူ ထင်နေကြလေသည်။ အထင်သေးစွာ ရယ်လိုက်ကြပြီးနောက် သူတို့၏ဦးခေါင်းများကို အဖြေလွှာစာရွက်ပေါ်တွင် ပြန်အပ် ထားလိုက်ကြသည်။

စာမေးပွဲပြီးဆုံးရန် အချိန်အတော်ကြာကြာ လိုသေးသောကြောင့် စာမေးပွဲကြီးကြပ်သူသည် လုပ်စရာမရှိ ဖြစ်နေရာ စားပွဲပေါ်တွင် ရှိသော တစ်စောင်တည်းသောစာရွက်ကို ကောက်ယူပြီး စစ်ဆေးလိုက်လေသည်။

အံ့ဩစရာကောင်းလောက်အောင် ဖူကျို့က ပထမမေးခွန်းကို မှန်အောင်မှန်းနိုင်ခဲ့တော့......
ကြီးကြင်သူသည် အချိန်ကုန်ဆုံးစေရန်အလို့ငှာ အောက်ကို ဆက်ဖတ်လိုက်သည်။

ဘာရယ်၊ သူ ဒုတိယအဖြေကိုလဲမှန်အောင်ဖြေထားတယ်။

တတိယမေးခွန်းကရော..... မှန်တာပဲ

စတုတ္ထ ပဥ္စမ ....... နားလည်မှုစစ်ဆေးခြင်း မေးခွန်းတွေအားလုံးတောင် မှန်အောင်ဖြေထားတယ်

ကြီးကြပ်သူသည် ပိုဖတ်လေလေ သူ၏မျက်လုံးများမှာ ပို၍ကျယ်လာလေလေ ဖြစ်နေတော့သည်။ သူ့သူငယ်အိမ်များမှာ စတင်လှုပ်ရှားလာပြီး သူ့မျက်နှာပေါ်တွင် တုန်လှုပ်ခြင်း အတိုင်းသား ပေါ်နေတော့တယ်သည်။

အားလုံး..... အားလုံးမှန်တယ်တဲ့လား

ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

စာမေးပွဲအခန်းထဲရှိ စာဖြေသူအားလုံးတို့သည် သူတို့၏စာမေးပွဲကြီးကြပ်သူ ဘာဖြစ်နေသသည်ကို မသိကြချေ။ သူတို့သည် သူ ရုတ်တရက်ထရပ်လိုက်တာကိုသာလျှင် မြင်လိုက်ကြသည်။ သူတို့အားလုံးသည် သူ့မျက်လုံးကို တစ်ခုခုက ဖမ်းစားထားသည်ဟု ထင်လိုက်ကြသည်။ ခိုးချနေသောသူများမှာ လွန်စွာထိတ်လန့်သွားကြပြီး သူတို့၏ဖုန်းများကို အိတ်ကပ်ထဲသို့ ချက်ချင်း ထိုးထည့်လိုက်ကြတော့သည်။

ကြီးကြပ်သူက မတ်တတ်ရပ်ပြီး အဲလိုရေရွတ်နေမယ်လို့ ဘယ်သူကထင်မှာလဲ

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now