အပိုင်း (၁၁၃) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ စတင်ပြီးမနာလိုအူတိုပြန်တယ်

1.2K 118 1
                                    

အပိုင်း (၁၁၃) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ စတင်ပြီးမနာလိုအူတိုပြန်တယ်

ဖူကျို့က ခဏရပ်သွားပြီးတော့ သူမ၏ ဘေးတွင် ရှိနေသူကို ကြည့်လိုက်သည်။

ချင်မော့သည် တင်းနစ်ကွင်းမှပေးသည့် တင်းနစ်ရိုက်တံများကို ရွေးနေပေ၏။ သူ့၏ ရှည်လျားသော လက်ချောင်းများက အနက်ရောင်လက်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းကို ခံရပြီး သူ၏ အားကစားဝတ်စုံဖြင့် အတော်လေး ပရော်ဖက်ရှင်နယ်ကျနေပေသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်သည့်အချိန်တိုင်း သူ့၏ ရှည်လျားပြီး ထူထဲသော မျက်တောင်များက အရိပ်ပြေးလေးတစ်ခုဖန်တီးပြီး အပူပင်ကင်းစင်သည့် ပုံလေး ဖြစ်ပေါ်နေပေ၏။ သူ့ပုံရိပ်လေးက တီဗွီရှိုးတစ်ခုက အလွန်ချောမောလှပသော လူကြိုက်များသည့်သူ တစ်ယောက်ယောက်နှင့် အလွန်ဆင်တူနေပေသည်။

တကယ်လို့ သူသာ အခုချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်နေခဲ့မယ်ဆိုရင် ကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ပုံစံကြောင့် သူ့နာမည်ကျော်ကြားမှုတွေက ထပ်ပြီးတော့ အရှိန်အဟုန် တိုးမြင့်လာအုံးမယ်။

ထိုလူငယ်လေးဆီက အကြည့်များကို ခံစားမိလိုက်တာကြောင့် ကြီးမြတ်လှသည့် သခင်လေးချင်က မျက်ခုံးပင့်လိုက်ပြီးတော့ ဖူကျို့ကို ကြည့်လိုက်ပေသည်။

"အခုကော ဘာဖြစ်ပြန်ပြီလဲ"

ဖူကျို့က တင်းနစ်ရိုက်တံကို သူမ၏ နောက်ကျောကခါးပတ်၌ ထားလိုက်ပြီး တောက်ပစွာ ပြုံးလိုက်လေရာ သူမ၏ ဆွဲဆောင်မှုရှိတဲ့သွားစွယ်လေးအား လှစ်ဟပြနေသကဲ့သို့ ဖြစ်နေလေ၏။

"ဘာမှမဟုတ်ပါဘူး အစ်ကိုမော့ရဲ့ ချောမောလှပမှုတွေကို ငါလေး အကြည့်မလွဲနိုင်အောင် ဖြစ်မိသွားလို့"

ဘေးဘက်၌ သူတို့ပြောစကားတွေကို နားထောင်နေသည့် ရွယ်ယောင်ယောင်က စိတ်ရှုပ်ထွေးမှုကို အတိုင်းသား ခံစားလုက်ရသည်။

ဘာလို့ ငါတို့ရဲ့အရှင်ကျို့ ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့အီစီကလီနေတယ်လို့ ခံစားမိ.. မိ.. မိ။

ယောက်ျားလေးနှစ်ယောက် တင်းနစ်တူတူကစားဖို့ လုပ်နေတာ သေချာပေမဲ့ ငါ ဘာလို့ အချစ်ငှက်နှစ်ကောင် ကျီစယ်နေတယ်လို့ မြင်နေမိရတာလဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now