အပိုင်း (၁၃၂) ဖူကျို့က သခင်လေးချင်နဲ့ တူတူအိပ်တော့မှာလား

1.2K 111 2
                                    

အပိုင်း (၁၃၂) ဖူကျို့က သခင်လေးချင်နဲ့ တူတူအိပ်တော့မှာလား

ဖူကျို့က တုတ်ထိုးသကြားလုံးကို ပါးစပ်ထဲ ငုံထားရင်းဖြင့် ပေါင်ပေါ်၌ လက်တော့ကို တင်ထားလိုက်သည်။ 

"မဟုတ်ပါဘူးဟ သခင်လေးချင်က ငါလေးကိုပြန်ပေးမဆွဲပါဘူး ငါလေးက သခင်လေးချင်ရဲ့အိမ်ကို ပြောင်းနေရုံလေးပါဟ"

သူမကို အားကျနေတဲ့ကောင်လေးရဲ့ သူမအပေါ်အထင်ကြီးလေးစားနေမှုကိုတော့ အပျကအစီး မခံနိုင်ဘူးလေ ဟုတ်တယ်မလား။

ဒီနတ်ဘုရားက ငါလေးကို ထောင်ချောက်ဆင်လိုက်တာတောင်မှ ငါလေးအပေါ် အထင်ကြီး လေးစားနေတာတွေကို အဆုံးရှုံးခံလို့မဖြစ်ဘူးလေ။

"သခင်...သခင်လေးချင်ရဲ့အိမ်မှာ ပြောင်း...ပြောင်းနေတယ်"

ငါလေးက လိမ်တဲ့နေရာမှာတော့ မတော်ပေမဲ့ လိမ်ထားပြီးသွားပြီဆိုတော့ ဆက်လိမ်မှပဲ ရတော့မယ်လေ ဘယ်လိုလုပ် ငါလေးရဲ့အထက်စီးဆန်ပြီး ခံ့ညားချောမောတဲ့ပုံရိပ်ကို ကျဆင်းစေလို့ ဖြစ်မှာတုံးဟ။ 

"ဘာလို့ ဒီလောက်တောင် အံ့ဩသွားတာတုံးဟ တကယ်လို့ တစ်နေ့မှာ ချင်မော့သာ ငါလေးရဲ့ အိပ်ရာပေါ်မှာ တူတူအိပ်တဲ့သတင်းကြားမယ်ဆိုရင် နင်လေး အံ့ဩပြီးထခုန်နေမလားပဲ"

သခင်လေး..ချင်..ချင်ရဲ့ အိပ်ရာမှ တူတူအိပ်မယ်။

ထိုအတွေးကို တွေးလိုက်သည်နှင့် ကျောင်းသားဖုန်း၏ မျက်နှာက စတင်ပြီး နီရဲတွတ်သွားပေ၏။  ထို့နောက် လေးလေးနက်နက်အသံဖြင့်

"အိုင်ဒေါ ညစ်ညမ်းတဲ့စကားတွေ မပြောကြရအောင် မဟုတ်ရင် ရီပို့ထုလိုက်မှာနော် "

ဖူကျို့က ထိုစာကို မြင်လိုက်တာနှင့် အကျယ်ကြီးအော်ရယ်မိသွား၏။  စာပြန်မည့်အချိန်တွင် သူမ၏ အနောက်မှ ရှည်လျားသွယ်လျသည့် အရိပ်တစ်ခု ကျရောက်လာသည်။  အလွန့်အလွန်ကိုမှ တိုးညင်းသော လေသံဖြင့် ချင်မော့က ပြောလိုက်သည်။

"တကယ်လို့ သူသာ ငါ့အိပ်ရာပေါ်မှာ အိပ်ခဲ့ရင်...."

ဖူကျို့က ထိုအေးစက်ပြီး ရင်းနှီးနေသည့်အသံကို ကြားလိုက်သည်နှင့် သူမနောက်ကျောပြင်ဟာ တောင့်တင်းသွားပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now