အခန်း (၆၈)

1.4K 182 4
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၆၈) သခင်ကျို့က စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်

ဖူကျို့က ထိုစကားများကြောင့် စိတ်အနှောင့်အယှက်ပင် မဖြစ်ပေ။ ထိုအစား သူမက

" ဒီလိုဆိုရင် ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ၊ ဒီစာရွက်မှာ ရလဒ်ကိုတောင် ဖြည့်ထားပြီးပြီပဲဟာ"

" မင်း စာရွက်ကို ပြန်ယူသွားပြီး နောက်တစ်ကြိမ် ထပ် စစ်ဆေးရမယ်"

မန်နေဂျာလီက ဖူကျို့ဆီသို့ စာရွက်ကို ရိုင်းပျစွာ ပစ်လိုက်သည်။

ဖူကျို့နှင့် စကားပြောဖြစ်ခဲ့သည့် ကောင်လေးက ဖူကျို့ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ ဖူကျို့က ရယ်လိုက်ပြီး ခါးညွှတ်လိုက်ကာ စာရွက်ကို ကောက်ယူလိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် သည်ကောင်လေးက စိတ်သက်သာရာရသွားကာ နောက်ထပ်တစ်ကြိမ် အစစ်ဆေးခံရန် ဖူကျို့ကို ဆွဲခေါ်သွားချင်မိသည်။

သို့သော် သူ မထင်ထားမိသည်က ဖူကျို့က ထရပ်လိုက်ပြီး သူမ လက်ကို မြှောက်လိုက်ကာ အား အနည်းငယ်သုံးပြီး ထိုစာရွက်ကို နှစ်ပိုင်းဖြဲပစ်လိုက်သည်။

အစပထမ၌ ကီးဘုတ်ပေါ်မှ ရိုက်ခတ်သံများကိုသာ ကြားနေရတာဖြစ်သည်။ သို့သော် ဖူကျို့၏ လုပ်ရပ်ကြောင့် ကစားသမားအားလုံး ဂိမ်းကစားရာမှ ရပ်တန့်သွားပြီး အခန်း၌ စာရွက်ဆုတ်ဖြဲသံကိုသာ ကြားရပေတော့သည်။ ဖူကျို့ စာရွက်ကို နှစ်ပိုင်းဖြဲလိုက်ပြီးသည်နှင့် ကျန်ရှိသည်များကို မန်နေဂျာလီရှေ့၌ ချထားလိုက်သည်။

ထိုနောက် စားပွဲခုံပေါ်၌ လက်တစ်ဖက် ထောက်လိုက်ပြီး သူမ၏ ငွေရောင်ဆံပင်များက မျက်နှာထက်၌ ကျနေပြီး အသံကို နှိမ့်လိုက်ကာ

"တကယ်လို့ ချင်ကုမ္ပဏီက ခင်ဗျားလိုလူမျိုးကို မန်နေဂျာအဖြစ် အလုပ်ခန့်ထားရင် ငါလေး ဒီအသင်းဆီကို ဘယ်တော့မှ မဝင်ဘူး"

စက္ကန့်အနည်းငယ်အတွင်း၌ အခန်းတစ်ခန်းလုံးက အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။ မည်သူကမှ အသင်းမန်နေဂျာကို ထိုသို့ ပြန်မပြောရဲချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now