အပိုင်း (၁၇၈) တစုံတစ်ယောက်က မင်းသားလေးကျို့ကို စောင့်ကြည့်နေလေရဲ့

925 96 2
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၇၈) တစုံတစ်ယောက်က မင်းသားလေးကျို့ကို စောင့်ကြည့်နေလေရဲ့

သူမသည် ဗိုက်အောင့်နေသေးသော်လည်း ဘယ်သူမှ ဖူကျို့အကြာင်းထူးထူးခြားခြား မပြောနိုင်ချေ။

ချင်မော့က သူမကို ပြောခဲ့သလိုပင် ဖူကျို့ကဲ့သို့သောသူကို ခန့်မှန်းရအမှန်ပင်မလွယ်ကူပေ။

စားပွဲပေါ်မှ မနက်စာမှာ သစ်သီးလင်ပန်းကြီးတစ်ခုတည်ခင်းထားပြီး အများစုမှာ သစ်တော်သီးစိတ်များ ဖြစ်နေတော့သည်။

ချန်ရှောင်တုံးသည် သူမအနားသို့ကပ်လာပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“ ဒါတွေက သခင်လေးချင်အမိန့်နဲ့ ဟိုတယ်ကနေ တိုက်ရိုက်ပို့လာတာ၊ သူပြောတာက သခင်လေးက ခန္ဓာကိုယ်အပူများနေတယ်တဲ့ ဒါကြောင့် ဒါတွေစားတာက သခင်လေးအတွက်ပိုကောင်းတယ်တဲ့”

ဒီတကြိမ်တော့ သူအတွေးမလွန်ဖို့ ကျိမ်ဆဲလိုက်တော့တယ်။ ဒါပေမဲ့ မနေ့ညက တကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ။ သခင်လေးက ခန္ဓာကိုယ် အပူတောင်တက်တယ်ဆိုပဲ။

ဖူကျို့သည် သူမ၏မျက်ခုံးများကိုပင့်ကာ သစ်သီးဗန်းကိုကြည့်လိုက်၏။

သစ်တော်သီးရဲ့သဘာဝက အအေးစာလေ။

ဒီအန်တီကြီးအလည်လာတဲ့အချိန်ဆိုရင် ဒီလိုအစားအစာက မသင့်တော်တာ အမျိုးသမီးတိုင်းသိတယ်လေ။

ဖူကျို့က သူမ ရာသီလာတဲ့အချိန်ဆို သစ်တော်သီးမပြောနဲ့ ရေအေးတောင် မသောက်ရဲလေဘူး။

သို့သော်ငြား သည်တကြိမ်တွင် ဖူကျို့သည် သစ်သီးစိတ်တစိတ်ကို အပြုံးလေးဖြင့် ကောက်ယူလိုက်ပြီး သူမပါးစပ်ထဲထည့်လိုက်ကာ ပြောလိုက်လေသည်။

“ ကောင်းလိုက်တာ အရသာရှိနေရောပဲ ကျေးဇူးနော် အစ်ကိုမော့”

ချင်မော့သည် သူ့အကြည့်ကို ကောင်လေး၏မျက်နှာပေါ်မှ ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ယောက်ယောက်ကို စွပ်ပြုတ်တစ်ပန်းကန် ယူလာခိုင်းလိုက်ပြန်သည်။ စွပ်ပြုတ်သည်လည်း ထိုနည်းတူစွာ___ သူမ၏ခန္ဓာကိုယ် အပူချိန်ကျသွားပြီး အခိုးငွေ့တို့ကိုဖယ်ရှားပေးရန် ဖြစ်လေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now