အပိုင်း (၁၅၀) ပူးပူးကပ်ကပ်အိပ်စက်ကြတယ်

1.1K 96 1
                                    

အပိုင်း (၁၅၀) ပူးပူးကပ်ကပ်အိပ်စက်ကြတယ်

အခြားလူတွေရဲ့ခန္ဓာကိုယ်အောက်မှာ...

ဒီစကားလုံးတွေကို ဖူကျို့ကြားလိုက်တာနဲ့ သူမရဲ့နှုတ်ခမ်းထောင့်တွေဟာကွေးညွတ်သွားပြီး

"အစ်ကိုမော့ နင်လေး အထင်လွဲနေပြီနော်၊ တကယ်လို့ ငါလေးကွေးနေတယ်ဆိုရင်တောင်မှ အခြားလူတွေရဲ့အောက်မှာ ဘယ်တော့မှမနေဘူး ငါလေးကအထက်ပုဂ္ဂိုလ်လေဟာ"

ချင်မော့ဟာ ဘာမှတော့မပြောလေဘူး။ ချင်မော့ဟာ လှည့်လာပြီး ထိုလူငယ်အား သာမန်လိုပဲ စိုက်ကြည့်လေသည်။

ထူးဆန်းစွာနဲ့ ဖူကျို့က တစ်စုံတစ်ခုတော့မှားယွင်းနေပြီလို့ခံစားလိုက်မိသည်။

ဒါပေမဲ့ သူမအတွက် အချိန်ကောင်းတော့ မဟုတ်နေလေဘူး။

တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါလေး ဒီနတ်ဘုရားကိုဆွဲခေါ် အပေါ်ကဖိပြီး လက်တစ်ဖက်နဲ့ထောက် သူ့နားကိုကပ်ပြီး ငါလေးဘယ်လိုတောင် ဆွဲဆောင်မှုရှိလဲဆိုတာကိုပြလိုက်ချင်တာ

ဒါပေမဲ့ သူ့အိပ်ရာထဲမှာတော့ ငါလေး ပြဿနာသိပ်မရှာသင့်ဘူးထင်တယ် တကယ်လို့ အနောက်လွန်သွားရင် ဒီနတ်ဘုရားက ငါလေးရဲ့ညဝတ်အင်္ကျီကို ဆွဲဖြဲလိုက်ရင် ဘယ်လိုလုပ်မလဲ ဒီလိုမှ ငါလေးရဲ့အကျိုးအမြတ်ထက် နစ်နာဆုံးရှုံးမှုတွေပိုများနေမှာ

ဒီအတွက်ကြောင့် ဖူကျို့ခမျာ သူမလက်ကောက်ဝတ်ကို ချည်ထားတဲ့ကြိုးအား ဖြည်လိုက်ပြီးတာတောင်မှ အနောက်သို့မလှည့်နိုင်ဘဲ ချင်မော့အား သူမခန္ဓာကိုယ်အောက်၌ ဖိထားချင်တောင်မှ မလုပ်ရဲဘဲဖြစ်နေပေသည်။ စိတ်ကူးနဲ့လုပ်တာက လွယ်ပေမဲ့ လက်တွေ့ကတော့ လုပ်ဖို့ခက်ခဲပေသည်။ ဘာလို့လဲဆိုတော့ အကျိုးဆက်က တကယ့်ကို သူမအတွက် အန္တရာယ်များတာကြောင့်ပင်။

ဒီလုပ်ရပ်ကိုစဉ်းစားရင်းစဉ်းစားရင်းဖြင့် ဖူကျို့က မထင်မှတ်ဘဲအိပ်ပျော်သွားပေသည်။

တကယ်တော့ အချိန်ကလည်း၁၂နာရီတောင်ထိုးနေပြီမို့ အတော်လေးညနက်နေပြီဖြစ်သည်။

ဒီနှစ်ယောက်ဟာ နေ့ခင်းဘက်၌တင်းနစ်ကစားပြီးညဘက်၌ ရူပသင်ကြတာဖြစ်သည်။ ဒီနှစ်ယောက်ဟာ ဒီနေ့တော့ အတော်လေးလိုက်ဖက်ညီကာချိတ်ဆက်မှုကောင်းလှသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now