အပိုင်း (၁၇၉) ရိုက်နှက်ပြန်ပေးဆွဲရန်အစီအစဥ်ချခြင်း

836 84 0
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၇၉) ရိုက်နှက်ပြန်ပေးဆွဲရန်အစီအစဥ်ချခြင်း

“ အခုပဲလုပ်လိုက်ကြရအောင်လေ”

သခင်လေးဖူပြောလိုက်လေသည်။

“ ဒီ ငနဲ ငါတို့ရှေ့မှာရှိနေသ၍ သူ ငါတို့ကိုငွေအပုံလိုက်ချပေးလိမ့်မယ်၊ မင်းတို့စဥ်းစားကြည့်စမ်း ဒီကောင် ဘယ်လောက်နှာကျ ပြီးရွံစရာကောင်းလိုက်လဲ၊ ယောက်ျားတွေကို ကြိုက်ရုံမကသေးဘူး ဟိုဝက်နဲ့လဲ အတူတူ ထိုင်လိုက်သေးတယ်၊ စာကလဲအသေညံ့သေး ငါတို့အခန်းရဲ့ အဆင့်ကို သူပဲဆွဲချနေတာ၊ လမ်းလျှောက်ရင်လဲ သူမျက်စိထဲ ဘယ်သူမှထည့်တာမဟုတ်ဘူး၊ အဓိပ္ပာယ်ကိုမရှိဘူး သူ့ဟာသူ ပြန်ကြည့်စမ်းပါအုံး ဘယ်လိုများ တဏှာကောင်လို နေနိုင်ရဲတာလဲ”

စကားပြောနေသောတစ်ယောက်မှာ ဖူကျို့ကို ဟိုးအရင်ကတည်းက သေလောက်အောင်မုန်းနေသူ ဖြစ်သည်။ ယခုတွင် သူ့အတွက် အခွင့်အရေးရောက်လာပြီဟု ထင်နေသောကြောင့် တခြားလူတွေ ပါဝင်လာအောင် တိုက်တွန်းနေတော့သည်။

ဖူကျို့သည် သူတို့ကို ခြေသလုံးဖက်ပြီး ခွင့်လွှတ်ဖို့တောင်းပန်လာမည်ကို မြင်ရမှာကို မစောင့်နိုင်အောင် ဖြစ်နေတော့သည်။

“သူ” အခန်းထဲကလူတိုင်းရဲ့ရှေ့မှာ ငါ့ကို ကန်ရဲတယ်။ “သူ” သေချင်လို့

“ ဟုတ်ပြီလေ ငါတို့ မင်းပြောတာကိုလိုက်လုပ်မယ်၊ ရူပဗေဒအတန်းပြီးရင် လူတွေထွက်သွားတဲ့အခါ ငါက အနောက်ဘက်တံခါးကို ပိတ်ထားလိုက်မယ်၊ ပြီးတာနဲ့ ‘ပြန်လမ်းမရှိဘူး’ လို့ပြောပြီး သူ့ကို ကောင်းကောင်းပညာပေးကြမယ်”

ယုတ်မာဆိုးညစ်သော အကြံအစည်တစ်ခု ဤသို့ပေါ်ပေါက်လာလေသည်။ လူတချို့သည် မနှစ်မြို့ဖွယ်ရာ ပြန်ပေးဆွဲခြင်းတစ်ခုကို အစီအစဥ်ချထားသည်ကို အခန်းက မည်သူမျှ မသိကြချေ။

ဖူကျို့သည် အလွန် မသက်မသာခံစားနေရသည်။ မိန်းကလေးအားလုံးသည် သူတို့၏ရာသီလာချိန် ခံစားချက်ကို သိကြသည်။ အောက်ပိုင်းတွင် အလွန်စိုစွတ်နေသည်။

သူမသည် သန့်စင်ခန်းသို့ အလွန်သွားချင်နေသော်လည်း သူမသည်လို လမ်းလျှောက်ပုံနှင့် လုံခြုံမှုမရှိနိုင်ပါ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now