အခန်း (၇၇)

1.5K 176 4
                                    

ဘာသာပြန်သူ - Erata Team

အခန်း (၇၇) သခင်လေးချင်၏စိတ်ထား

ထိုအရာကို ကြားလိုက်သည်နှင့် ဖုန်းရှန်းက မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ယခင်ကထက် ပိုပြီး စကားထစ်လာပေတော့သည်။

"သခင်လေး..ချင်..ချင်..ချင် ကျေးဇူးပြုပြီး ကျွန်တော့်အစ်ကိုကို မပြောပါနဲ့လား၊ တကယ်လို့ ကျွန်တော့်အစ်ကိုသာ သိသွားလို့ရှိရင် သူက ကျွန်တော့်အတွက် လည်ပင်းစွပ်ဖို့ ကြိုးကွင်း အဆင်သင့် ပြင်ထားလိမ့်မယ်ဗျ"

"အဲဒီတော့ မင်းအစ်ကိုက မသိဘူးဆိုတဲ့သဘောပေါ့"

ချင်မော့က သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း သုတ်လိုက်ပေသည်။ သူ့အပြုံးက ဓားသွားတစ်ခုလို ချွန်ထက်နေပေရာ ကြည့်မိသမျှလူတိုင်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်သွားနိုင်သကဲ့သို့ ဖြစ်နေပေတော့သည်။

ဖုန်းရှန်းက အတော်ရှက်နေတာ ဖြစ်ပြီး အစိုးရိမ်လွန်နေသောကြောင့် ချင်မော့ကို မည်သို့ ရှင်းပြရမှန်းမသိဖြစ်နေလေသည်။

ဖူကျို့က ပွဲကြည့်ပရိသတ်အဖြစ် ကြည့်နေတာ ဖြစ်လေသည်။ သူမက ပါးစပ်နှင့်အပြည့် အမဲသားကို ဝါးနေရင်းဖြင့်

"ကြီးမြတ်လှတဲ့သခင်လေးချင် သူလေးကိုအနိုင်မကျင့်ပါနဲ့ဟ၊ သူကအခု ငါနဲ့တစ်သင်းထဲ ဖြစ်နေပြီလေ"

"ငါက မင်းရဲ့ တစ်ဦးတည်းသော အသင်းဖော်မဟုတ်ဘူးလား"

ချင်မော့က မျက်ခုံးပင့်လိုက်ပြီး ထိုင်ခုံအနောက်ဘက်သို့ မှီချလိုက်လေသည်။ သူ့ကားသော့ကို ယူထုတ်လိုက်ပြီး စားပွဲပေါ်သို့ အကြမ်းပတမ်း ပစ်တင်လိုက်လေသည်။

ဒီဟာက...

ဖူကျို့က တစ်ခဏရပ်သွားပြီး အကျယ်ကြီး ရယ်လေသည်။ သူမ၏ ဘယ်လက်ကို မြှောက်လိုက်ပြီးတော့ ချင်မော့ပခုံး၌တင်လိုက်ကာ စတိုင်ကျစွာ ပြောလိုက်သည်။

"နင်လေး ထပ်ပြီးတော့ မနာလိုဖြစ်ပြန်ပြီလား စိုးမရိမ်ပါနဲ့၊ ကြီးမြတ်လှတဲ့သခင်လေးချင် ဘော့စ် တူတူ ရှင်းတဲ့အခါကျရင် နင်လေးနဲ့ငါ နှစ်ယောက်ထဲကမ္ဘာလုပ်ပြီးရှင်းမှာ ဘယ်သူ့မှအဝင်မခံဘူး၊ အဲဒါက ငါတို့ရဲ့ခိုင်မာတဲ့သံယောဇဥ်လေးပေါ့ဟ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now