အပိုင်း (၁၂၇) စာမလိုပေမလိုနဲ့ ထိပ်တန်းအဆင့်ကျောင်းသားကြားထဲက ကွာခြားမှုကြီး

1.1K 114 1
                                    

အပိုင်း (၁၂၇) စာမလိုပေမလိုနဲ့ ထိပ်တန်းအဆင့်ကျောင်းသားကြားထဲက ကွာခြားမှုကြီး

ချင်မော့သည် စကားပြောရန် အောက်ကိုငုံ့လိုက်သည်နှင့် သူ၏ ပူနွေးသောအသက်ရှူသံက ဖူကျို့နားအတွင်းသို့ ဝင်ရောက်သွားပေတော့၏။

သူမ၏ ကိုယ်ဟန်အနေအထားကို ပြုပြင်လိုက်ရင်း ဖူကျို့က သူမ၏ရှေ့က ထိုလူ၏ နက်ရှိုင်းသော မျက်ဝန်းများကို ကြည့်လိုက်မိရင်း ချင်မော့၏ နောက်ဆုံးပိတ်စကားတစ်ခွန်းကို ကြားလိုက်မိသည်။

"ငါတို့ ဒီနေ့အပြင်မသွားဘူး"

ထိုသို့ ပြောပြီးသည်နှင့် ချင်မော့က ဖုန်းချလိုက်ပေသည်။ ချင်မော့၏ မျက်တောင်တွေဟာ ရှည်လျားကော့ညွတ်နေပြီး ပါးပေါ်၌ အရိပ်ကလေးပင် ထင်နေပေသည်။ ထိုပုံရိပ်ဟာ သူ၏ အလွန်အမင်းခံ့ညားသော ပုံရိပ်ကို ပို၍အားဖြည့်ပေးနေသယောင်ယောင်။

ဖူကျို့က သူမ၏ ခေါင်းကို လှည့်လိုက်ပြီး ထိုမြင်ကွင်းကို မျက်ကွယ်ပြုလိုက်သည်။

ချင်မော့သည် ထိုလူငယ်၏ ပါးကို ကြည့်လိုက်ပြီးတော့ အသံခပ်ပြတ်ပြတ်ဖြင့်

"ထပ်ရေးဦး"

အား... ငါလေးဆီမှာ ဒီလိုဆရာမျိုး ရှိတာက သိပ်စိတ်ဆင်းရဲဖို့ ကောင်းတာပဲ။

ဖူကျို့က သူမလက်ထဲရှိ ဘောပင်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဘဝကို ကြိုးစားရုန်းကန် ရှင်သန်နေရသည့် ပိုးဟပ်တစ်ကောင်ပမာ ခံစားနေရပေတော့သည်။

ဒီနတ်ဘုရားရဲ့ တည်ရှိမှုက အတော်လေး အရှိန်အဝါကြီးမားတာကြောင့် ဘယ်သူကမှ သူနဲ့ဖက်ပြိုင်ရဲမှာမဟုတ်ဘူး။

ဒါပေမဲ့ ကောင်းတဲ့အရာတစ်ခုတော့ ရှိပါသေးတယ်လေ။

ထိပ်တန်းအဆင့်ကျောင်းသားနဲ့ သာမန်ကျောင်းသားကြားက ကွာခြားချက်တစ်ခုကတော့ ထိပ်တန်းအဆင့်ကျောင်းသားဟာ အချိန်တိုအတွင်းမှာပဲ သေချာတိကျစွာ နားလည်သဘောပေါက်နိုင်တာပဲ။

"ဖူကျို့"

"အင်း "

ချောမောခံ့ညားသော ကောင်လေးက ချင်မော့ကို ကြည့်လိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now