အပိုင်း (၁၅၄) ဖူကျို့က အသုံးမကျတဲ့အမှိုက်တစ်ခု ဘယ်တုန်းကမှ မဟုတ်ခဲ့လေဘူး

1K 97 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၅၄) ဖူကျို့က အသုံးမကျတဲ့အမှိုက်တစ်ခု ဘယ်တုန်းကမှ မဟုတ်ခဲ့လေဘူး

ထိုစကားကိုကြားလိုက်သည်နှင့် ရွှယ်ယောင်ယောင်သည် လုံးဝထူပူသွားတော့သည်။ သူမ၏နှလုံးသားသည် ထိုစကားလုံးများနှင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

<Spade Z>

ထိုသူသည် စထွက်လာကတည်းက မရေမတွက်နိုင်သည့် FCကို ရရှိခဲ့သည့် ဘုရင်သစ်လေးတစ်ယောက် ဖြစ်ပေ၏။

သူသည် မရေမတွက်နိုင်သည့် မှတ်တမ်းသစ်တင်ခဲ့သည့် ဇုန်စီ၏နတ်ဘုရားတစ်ပါဖြစ်သော်ငြား သူ့တည်နေရာကို မည်သူမှမသိကြချေ။

သူသည် စည်းမျဥ်းအားလုံးကို ချိုးဖျက်ခဲ့သည့် ထိပ်ဆုံးမှသက်ရှိတစ်ယောက်ဖြစ်သော်လည်း သူသည် လွတ်လပ်ကာ မည်သည့်အသင်းထဲကိုမှ မဝင်ခဲ့ပေ။

ရွှယ်ယောင်ယောင်သည် ဤနာမည်ကို အကြိမ်များစွာကြားခဲ့ဖူး၏။ တစ်ခါတရံ ဂိမ်းကစားရင်းပင် ကြားနေရ၏။ သူမသည် ထိုလူကို အဆင့်သတ်မှတ်ချက်စာရင်းတွင် မကြာခဏတွေ့ရပြီးနောက် သဘောပေါက်သွား၏။ ငွေမရှိတဲ့သူအားလုံးက လောကကြီးရဲ့ ဖုံးကွယ်ခံရတာ မဟုတ်လေဘူး။

<Spade Z> သည် သာဓကတစ်ခုပင်။

အံ့ဩစရာကောင်းလှသည့် လှလှပပ လက်ချောင်းနည်းပညာပင်။ ဂုဏ်ယူစရာကောင်းလှသည့် ဘုရင်တစ်ပါး ဖြစ်ပေသည်။

ကျန်းမြို့မှ e-sport မီဒီယာအားလုံးသည် သည်လူနှင့်ပတ်သက်၍ သတင်းဦးကို ရယူချင်ခဲ့ကြသည်။

သို့သော် သူသည် အတွေ့မခံချေ။

တချို့ကပြောကြတယ်။ Spade Zက ရုပ်ဆိုးလို့ သူ့မျက်နှာ အစစ်အမှန်ကို မပြရဲတာတဲ့လေ။ မဟုတ်ရင် နာမည်ကြီးမဲ့ အခွင့်အရေးကြီးဖြစ်တဲ့ အင်တာဗျူးကို ဖြေဖို့ ဘယ်လိုလုပ်ပြီး ငြင်းရက်မှာလဲတဲ့။ သူသာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပဲလုပ်ရင်တောင် ဝင်ငွေ တစ်သောင်းလောက် ရမှာတဲ့။

တချို့ကလဲ ပြောကြသေးတယ်။ Spade Zက ရုပ်ဆိုးတာ မဟုတ်ရင် သူက ငယ်ငယ်လေး မဖြစ်နိုင်ဘူးတဲ့။  ဂိမ်းထဲမှာ အဆင့်မြင့်ပြီး စကေးကောင်းတဲ့ ကစားနည်းနဲ့ ဆရာကျတဲ့ ဆက်တိုက်တိုက်ကွက်အားလုံးကိုကြည့်ရင် သူက ဦးလေးအရွယ်တစ်ယောက်ပဲဖြစ်ရမယ်တဲ့လေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now