အပိုင်း (၁၃၉) မနာလိုအူတိုနေသောစီအီးအိုချင်

1.2K 101 1
                                    

အပိုင်း (၁၃၉) မနာလိုအူတိုနေသောစီအီးအိုချင်

"ဘေဘီဖုန်းတဲ့လား"

ချင်မော့ဟာ အေးစက်နေတဲ့လေထုကို အသံတိုးလေးဖြင့်ဖြိုခွင်းလိုက်ပေသည်။ သူ့ရဲ့အသံဟာ လေးနက်လွန်းသဖြင့် ကြားရသမျှလူတိုင်းဟာ ချင်မော့တစ်ယောက်အလွန်အမင်းစိတ်ရှုပ်နေမှန်း သိနိုင်ပေ၏။

ဖူကျို့က အပြုံးလေးဖြင့်

"ဒီဟာက ဒီအတိုင်း ရင်းရင်းနှီးနှီးခေါ်တဲ့နာမည်ပြောင်လေးတစ်ခုပဲဟာကို ဘာမှ ထွေထွေထူးထူး မခံစားရပါဘူးနော်"

ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့၏ နှုတ်ခမ်းပါးလေးတွေဟာ အေးစက်ကျောချမ်းဖွယ် ကွေးညွှတ်သွားပေသည်။

"ရင်းရင်းနှီးနှီး ခေါ်တာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ ငါ သူ့ကို တစ်ဖက်သတ်ကြိုက်နေတယ်လို့ အထင်မှားမသွားစေနိုင်ဘူးလား"

"ဒီ ဒီဟာက ဘေဘီဖုန်းရဲ့ပြဿနာလေ သူကအမြဲ အတွေးလွန်တတ်တာပဲကို"

ဖူကျို့က အတည်ပေါက်ဖြင့် ပြန်တုံ့ပြန်လေ၏။

ချင်မော့၏ အေးစက်နေသည့် အပြုံးကို ကြည့်လိုက်သည်နှင့် ထိုဖြေရှင်းချက်နှင့် ပတ်သက်ပြီး သိပ်တော့မကျေနပ်ဘူးဆိုတာ သိသာထင်ရှားနေသည်။ ချင်မော့ဟာ ဖူကျို့၏ မေးကို ကိုင်ညှစ်လိုက်ပြီး သူ့လက်ချောင်းထိပ်များ၌ အားပိုစိုက်ကာဖူကျို့အနီးသို့ တိုးသွားရင်း လေးနက်သည့်အသံဖြင့်

"တကယ်လို့ မင်း ငါ့အကောင့်ကို သုံးပြီး အခြားသူတွေနဲ့ ထပ်အီစီကလီရိုက်မယ်ဆိုရင် ဒီနေ့ည မင်းအိပ်ရဖို့ မမျှော်လင့်နဲ့တော့"

ဖူကျို့က ထိုလူဆီမှ သိသာထင်ရှားလှသည့် အန္တရာယ်ရှိအငွေ့အသက်ကို ခံစားမိလေ၏။ ထိုအငွေ့အသက်ဟာ အခြားအရာများနှင့်မတူ ကွဲပြားနေသည်ကို သူမ ကောင်းကောင်းကြီး သိလေသည်။

သို့သော် ချင်မော့က ဖူကျို့ကို ထပ်ပြီး အနေခက်အောင် မလုပ်တော့ပေ။ ယင်းက သူမကို သတိပေးရုံသက်သက်သာ ဖြစ်ပြီး သူမကို သတိပေးပြီးသည်နှင့်  ချင်မော့ဟာ ဖုန်းရှန်းကို report ထပ်ထုလိုက်ပြန်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now