အခန်း (၈၄)

1.3K 141 0
                                    

ဘာသာပြန်သူ Yuki

အပိုင်း (၈၄) စီးအီးအိုက ထူးထူးဆန်းဆန်း လူမှားပြီးတခြားတစ်ယောက်ကိုခေါ်သွားတာတဲ့လေ

သူဌေးလီနှင့် သူဌေးကျန့်တို့သည် သခင်လေးချင်က ကောင်လေးတစ်ယောက်နှင့် ၀င်လာတာကို မြင်သောအခါ အံ့သြသွားကာ ရုတ်တရက် ထရပ်လိုက်လေသည်။

“ထိုင်ပါ” ချင်မော့၏အသံမှာ ပုံမှန်ပင်ဖြစ်သော်လည်း အလွန်ဆွဲဆောင်မှုရှိနေလေသည်။ သူသည် နေရာတစ်ခု ရှာပြီးထိုင်လိုက်ကာ ဖူကျို့ကိုလဲ သူ့ဘေးတွင် ၀င်ထိုင်ခိုင်းလိုက်သည်။ နက်တိုင်ကို လျှော့လိုက်ပြီး ခံ့ညားသောကိုယ်နေဟန်ထားဖြင့် ပြောလိုက်သည်။ “ မှာထားပြီးပြီလား”

သူဌေးလီက ရယ်လိုက်ပြီး “ မမှာရသေးပါဘူး ကျွန်တော်တို့အားလုံး သခင်လေးကိုစောင့်နေကြတာပါ” လို့ ပြောပြီးနောက် ဘေးတွင်ရပ်နေသော ဝိတ်တာကို ကြည့်လိုက်၏။

ဝိတ်တာလေးမှာ ချက်ချင်းပင် မီနူးကို ယူလာပေးလိုက်ရာ အတွင်းရေးမှူးလျန်က မီနူးကိုလှမ်းယူပြီး ချင်မော့ရှေ့တွင် ချပေးလိုက်၏။

ထို့နောက် အတွင်းရေးမှူးလျန်သည် ခေါင်းငုံ့၍ သူ့စီးအီးအိုရွေးမည့် ဟင်းပွဲနှစ်ပွဲကို သေချာလိုက်ကြည့် နေတော့သည်။

အတွင်းရေးမှူးလျန်၏ မျက်လုံးများသည် “အမဲအူကြမ်း” ဟူသောစာလုံးကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။

သူတို့၏ စီးအီးအို သည် ထိုအရာကို ညစ်ပတ်ပြီး ကျန်းမာရေးနှင့် မညီညွတ်ဟုဆိုကာ မည်သည့်အခါကမျှ မစားခဲ့ချေ။

ဒါပေမဲ့ ဒီနေ့ကျတော့ ...... အမဲသားလုံးဟင်းကိုတောင် မှာလိုက်သေးတာတဲ့။ အသင့်စားအသားတွေကို သူ မစားဘူးလို့ ဘယ်သူပြောခဲ့တာတဲ့လဲဟေ။

ဒါတွေအားလုံး ဖူကျို့အကြိုက်ကိုလိုက်ပြီးရွေးခဲ့တာများလား။

ဤစိတ်လှုပ်ရှားစရာ ကောက်ချက်ချမှုက အတွင်းရေးမှူးလျန်ကို အံ့အားသင့်သွားစေတော့သည်။

မဟုတ်ပါဘူး မဖြစ်နိုင်တာ။

ဖူကျို့ သူ့စီးအီးအိုကားထဲက ထွက်လာတာမြင်လိုက်လို့ အရမ်းလန့်သွားပြီး ဒီလိုအတွေ အတွေးလွန်သွားတာပဲဖြစ်ရမယ်။ သူ့ စီးအီးအိုက ဘယ်လိုဖြစ်လို့ ဒီလိုလုပ်ရမှာလဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now