အခန်း (၃၇)

1.7K 207 3
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း(၃၇) ဖူကျို့နဲ့ချင်မော့တို့တွေ့ဆုံခြင်း (၁)

ဖက်တီးက အလွန် စိတ်လှုပ်ရှားနေပြီး သူ့လက်မျာယက ကားစတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

"ဘယ်လိုအထက်တန်းကျောင်းသားမျိုးက ဒီလောက်တောင် တော်နိုင်ရတာလဲ။ ငါ သူနဲ့ အပြင်မှာ တစ်ခါလောက် လူချင်းတွေ့ပြီး စမ်းကြည့်ချင်လိုက်တာ"

COCOလည်း စိတ်လှုပ်ရှားနေသောကြောင့် ယုန်အရုပ်နားရွက်ကို ကိုက်ထားလေသည်။
"ငါကျတော့ သူနဲ့ဂိမ်းတူတူဆော့ချင်တာ"

"အဲလိုမလုပ်စမ်းပါနဲ့ဟ သူက ငါတို့ကို ပျော့ညံ့တယ်လို့ထင်သွားလိမ့်မယ်ကွ"
ဖက်တီးက COCO ကို ပခုံးပုတ်ကာ

"မင်းက အင်တာနက်ရဲ့ ဆယ်လီတစ်ယောက် ဖြစ်ကြောင်းပြသနိုင်မဲ့ အရှိန်အဝါမျိုးကို ဆွဲထုတ်လိုက်စမ်းပါ။ ပျော့ညံ့မနေစမ်းနဲ့။ အဲဒါကတွေ့ဆုံမှုသက်သက်ပဲ။ ဘာမှအရေးကြီးကိစ္စ မဟုတ်ဘူး"

COCO က အော်ရယ်လေတော့သည်။
"တည်ငြိမ်ချင်ယောင်ဆောင်နေတာ ရပ်လိုက်စမ်း။ မင်းလက်တွေတုန်နေတယ် ဟားဟားဟား"
သူတို့များအနက် ချင်မော့ဟာ အတည်ငြိမ်ဆုံးသော တစ်ယောက်တည်းသောသူသာ ဖြစ်ပေသည်။

ဖက်တီးနှင့် COCO ဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး နောက်ကြည့်မှန်မှတစ်ဆင့် ချင်မော့ကို ပြိုင်တူချောင်းကြည့်လိုက်သည်။

အဲဒါ အစ်ကိုကြီးရဲ့ပထမဆုံးအကြိမ် ဂိမ်းက လူစိမ်းကိုအပြင်မှာ တွေ့တာပဲမလား။
သူတို့အစ်ကိုကြီးလို အေးစက်နေတဲ့ ရေခဲတုံးကြီးက ဒီလိုတွေ့ဆုံမှုကို လက်ခံလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့လေဘူး။

ဒါပေမဲ့ သူ တွေ့မဲ့လူက "Spade Z" ဖြစ်နေမယ်ဆိုရင်တော့ ထူးဆန်းတာ ဘာမှမရှိပါဘူး။
ချင်မော့၏ ကား မထွက်ခွာသေးသရွေ့ ကျောင်းဂိတ်ပေါက်၌လည်း ကျောင်းသားတွေနှင့် ပြည့်နှက်နေပေသည်။

ထိုအရာက ဖူကျို့ ချင်မော့ကားဆီ လျှောက်လာစဉ် မြင်လိုက်ရသည့် မြင်ကွင်း ဖြစ်လေသည်။
လူတိုင်းက ရပ်တန့်သွားကြပြီး ဦးတည်ချက်တစ်ခုကိုသာ စိုက်ကြည့်နေကြပေသည်။ စိတ်လှုပ်ရှားမှုက သူတို့မျက်နှာ၌ အတိုင်းသားပေါ်လွင်နေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now