အခန်း (၄၇)

1.6K 185 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၄၇)သူကဘာလို့ အစ်ကိုကြီးကို ဒိတ်ချင်တာလဲ

ဖက်တီးကို အဖြစ်ဆိုးမှ ကယ်တင်ရန် သူရဲကောင်းကြီးCOCO၏အသံဟာ ထွက်လာလေသည် ။

"အစ်ကိုကြီး ငါတို့ဖူကျို့ကို စမ်းသပ်သင့်လား "
"မလိုဘူး"
ချင်မော့ သူ့ခေါင်းကို စောင်းလိုက်ပြီးတော့ ထိုစကားလုံးများကို ရှင်းလင်းထင်ရှားစွာ ပြောလိုက်လေသည်။ သူ့အသံက စိတ်ခံစားမှုမဲ့လျက်

"အဲဒါ သူပဲ"
ဖက်တီးက မျက်မှောင်ကြုံ့လိုက်ပြီး
"ဒါပေမဲ့ "Spade Z"က ဘာလို့ အစ်ကိုကြီးကို ဒိတ်လုပ်ဖို့ ပြောတာလဲဆိုတာကို တကယ် စဉ်းစားလို့ မရဘူး၊ အစ်ကိုကြီးဆီ ချဉ်းကပ်ဖို့သက်သက် ဂိမ်းကစားတာလား၊ ဒါကြောင့် သူက အစ်ကိုကြီးနဲ့ တွေ့ချင်တာလားပဲ"

ဖက်တီးက ထိုသို့ပြောပြီးသည်နှင့် ချင်မော့ကို တစ်ချက် ကြည့်လိုက်လေသည်။
ဟူး... တော်သေးတယ် အစ်ကိုကြီးက ကျိုးကြောင်းဆက်စပ်တတ်တာပဲ၊ သူ့ကိုကြည့်ရတာ ငါ့ရဲ့အမြင်ကို ငြင်းပယ်တဲ့ပုံမပေါ်ဘူး။

သို့သော် COCOက တစ်စုံတစ်ခုကို တွေးမိပြီး ရုတ်တရက် ထရပ်လိုက်လေသည်။
"မဟုတ်ဘူး အစ်ကိုကြီးကို ချဉ်းကပ်ချင်လို့ ဒီလိုလုပ်တာ မဟုတ်ဘူး၊ အကြောင်းအရင်းက ဒီလောက် ရိုးရှင်းနေမယ်ဆိုရင် သူက ဘာလို့ အစ်ကိုကြီးရဲ့fri request ကိုငြင်းပယ်မှာလဲ၊ စဉ်းစားလေ။

ငါတို့အစ်ကိုကြီးက ပြိုင်ပွဲဝင်အသစ်တွေကို ခေါ်ယူမလို့ လုပ်နေတာမလား ကျွန်တော်တို့ လက်အောက်ကုမ္ပဏီတော်တော်များများက ကျွန်တော်တို့ရဲ့ကုမ္ပဏီဆီ လူတွေပို့ပေးနေချင်ကြတာလေ၊ သခင်မကြီးဖူမှာတော့ သူ့ရဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး အခက်အခဲတချို့ရှိနေတဲ့ပုံပဲ၊ သူမရဲ့ပြိုင်ပွဲဝင်တွေက ကြားဖြတ်အခိုးခံလိုက်ရတယ်လေ၊ ဒါကြောင့် ကျနော်တို့ရဲ့ကုမ္ပဏီကို နာမည်စာရင်းတောင် မပေးသွင်းနိုင်ခဲ့ဘူး၊ တကယ်လို့ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် သူမရဲ့ကုမ္ပဏီကဒေဝါလီခံလိုက်ရမှာပဲ"

"မင်းပြောချင်တာက "Spade Z" က အစ်ကိုကြီးကို ဒီအကြောင်းအရင်းကြောင့် တွေ့ချင်တယ်လို့ ဆိုတာလား"
ဖက်တီးက ထိုသို့ပြောရင်းဖြင့် ချင်မော့ကို ထပ်ကြည့်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now