အပိုင်း (၁၁၇) ကြီးမြတ်လှသော သခင်လေးချင်ရဲ့ဝန်တိုမှုလယ်ဗယ်စိုးဟိုက်

1.2K 115 0
                                    

အပိုင်း (၁၁၇) ကြီးမြတ်လှသော သခင်လေးချင်ရဲ့ဝန်တိုမှုလယ်ဗယ်စိုးဟိုက်

ရွယ်ယောင်ယောင်၏ နှလုံးသားလေးဟာ စည်းချက်မညီစွာ ခုန်ပေါက်လာလေတော့သည်။

ရွယ်ယောင်ယောင်က လူငယ်လေးတစ်ယောက်နှင့် ယခုကဲ့သို့  နီးနီးကပ်ကပ် နေရမည့်ရက် ရောက်လာခဲ့မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

အရှင်ကျို့ရဲ့ကိုယ်ပိုင် နူးညံ့ညင်သာမှုလေးက လူတစ်ယောက်ကို ဖယောင်းလို အရည်ပျော်ကျသွားစေနိုင်တာပဲ။

"သဘောပေါက်ရဲ့လား"

သာယာသောအသံက သူမ၏ နားရွက်ဘေး၌ ထွက်ပေါ်လာခဲ့တာကြောင့် ခေါင်းလေးတစ်ချက် ငဲ့လိုက်ရုံဖြင့် သူမ၏ နံဘေးက ဆွဲဆောင်မှုရှိသည့် အပြုံးလေးကို မြင်နိုင်ပေသည်။

တင်းနစ်ရိုက်ကွင်းတစ်ကွင်းလုံးက လှပသောမိန်းမလှလေးများက သူတို့နှစ်ဦးရှိရာဆီသို့ လှည့်ကြည့်လာခဲ့လေ၏။ ဒီအချိန်မှာတော့ သူတို့အားလုံးဟာ ရွယ်ယောင်ယောင်နေရာမှာသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ ဆုတောင်းနေကြပေသည်။

"ငါလည်း တင်းနစ် ဘယ်လိုကစားရမလဲဆိုတာကို သင်ပေးတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက် လိုချင်တယ်"

"အား ဒီအပြုံးလေးကြောင့် ငါအရည်ပျော်သွားပြီ သူက ဘယ်သူလဲဟ"

"မသိဘူးလေ ငါ သူ့ကို ဒီမှာပထမဆုံးမြင်ဖူးတာ"

မိန်းမလှလေးတွေဟာ အားလုံးရပ်သွားကြပြီးတော့ စောင့်ကြည့်နေကြပေသည်။ သူတို့အားလုံးက ပိုက်ကွန်၏ နံဘေး၌ ရပ်နေသည့် ဖူကျို့ကို အာရုံစိုက်နေကြပေသည်။ သူတို့မျက်လုံးထဲတွင်တော့ ဆန္ဒတရားများ လောင်မြိုက်နေသည်။

ရောင်ပြန်ပြတင်းပေါက်များ ရှိနေသည့် အနားယူခန်း တစ်ခန်းသာလျှင် အပူချိန်များ ကျဆင်းကာ အေးစက်နေပေတော့သည်။

ချင်မော့၏ နံဘေး၌ရပ်နေသော ဧည့်ကြိုက သူ့ဦးခေါင်းကိုတောင် မလှည့်ရဲပေ။

ဧည့်ကြိုဟာ သခင်လေးချင်ဆီက အေးစက်နေတဲ့အော်ရာဟာ သူ့ခန္ဓာကိုယ်ထဲက သွေးများကိုတောင် အေးခဲသွားစေနိုင်ပေသည်ဟု ခံစားနေရပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now