အပိုင်း (၁၉၂) သခင်လေးချင် စာတစ်စောင်ကိုစောင့်နေခြင်း

800 80 0
                                    

အပိုင်း (၁၉၂)
သခင်လေးချင် စာတစ်စောင်ကိုစောင့်နေခြင်း

အမည်စာရင်းစာရွက်အားလုံးကို အီလက်ထရွန်နစ်နည်းဖြင့် တင်လိုက်အပြီးတွင် systemသည် ကစားသမားများ၏ကုမ္ပဏီကို အလိုအလျောက် ရွေးထုတ်ပေးပေလိမ့်မည်။

စာရင်းသွင်းထားသည့်ကုမ္ပဏီတိုင်းတွင် အနီရောင်တံဆိပ် ပါရှိသည်။

ဟယ်ဟုန်ဟွာသည် အမြန်ရထားကိုစီး၍ ကျန်းမြို့သို့ပြန်လာခဲ့သည်။ သူမသည် ငွေပမာဏ အမြောက်အများ ပေး၍ငှားသော်လည်း နာမည်မရှိကစားသမားပင်လျှင် ဟယ်ကော်ပိုရေးရှင်းတွင် လာရောက်ကစားလိုခြင်း မရှိဖြစ်ရာ ကစားသမားမပြည့်သောကြောင့် အဆင်မပြေဖြစ်နေလေသည်။

တစ်စုံတစ်ယောက်ဆီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ထပ်ဖိအားပေးခံရထားခြင်းက..... ဟယ်ဟုန်ဟွာ၏အခြေအနေကို လွန်စွာခက်ခဲနေစေသည်။

ဂိမ်းပြိုင်ပွဲစတင်ရန် ၃ရက်သာကျန်သေးသော်လည်း သူမတွင် ကစားသမားအလုံအလောက်မရှိသေးချေ..... သို့ဖြစ်ရာ သူမသည် သူမကံတရားကိုသာ အားကိုးရတော့ပေမည်....

ဟယ်ဟုန်ဟွာသည် သူမ၏ဖုန်းကိုထုတ်လိုက်ပြီး အသင်းအဖွဲ့စာရင်းသွင်းသည့် အင်တာနက်စာမျက်နှာကို ပြန်ဖွင့်လိုက်သည်။

သူမ အမှန်ပဲအံ့ဩသွားတော့တယ်။ စာမျက်နှာကို ဖွင့်လိုက်အပြီးမှာပဲ စာမျက်နှာပေါ်မှာ အနီရောင်စာတစောင်။

ထိုစာကိုဖတ်ပြီးနောက်တွင် ဟယ်ဟုန်ဟွာသည် သူ့မျက်လုံးများ ပြဿနာတစ်ခုခုများ ရှိနေပြီလားဟု တွေးလိုက်ပြီး သူမ၏ပြည့်ဖောင်းဖောင်းလက်ချောင်းများနှင့် မျက်လုံးကိုပွတ်လိုက်တော့သည်။

နောက်တခါပြန်ကြည့်လိုက်တော့လဲ စာကရှိနေတုန်းပဲ

<ဟယ်မိသားစုကော့ပ်> ဟယ်ကော်ပိုရေးရှင်း၏အောက်တွင် ၎င်း၏ကြီးမားသောတည်ရှိမှုသည် မည်သည့်နေရာကမှန်းမသိ ရုတ်တရက်ပေါ်ထွက်လာလေသည်။

ဟယ်ဟုန်ဟွာ အဲဒီစာကို အမြန်ဖွင့်လိုက်တော့တယ်။

ကစားသမားအားလုံးရဲ့နာမည်သည် သူမ၏မျက်စိရှေ့တွင်ပေါ်လာတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now