အပိုင်း (၁၉၅) ကူးချထားတာလား၊ မေးခွန်းကိုခန့်မှန်းတာလား

806 92 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၉၅) ကူးချထားတာလား၊ မေးခွန်းကိုခန့်မှန်းတာလား

ဆရာမသည် အခန်းထဲသို့ အဖြေလွှာများကို ကိုင်၍ဝင်လာသည်။ သူမသည် ပျော်ရွှင်ဟန်မပြဘဲ သူမ၏မျက်နှာအမူအရာမှာ ရှင်းပြမရအောင် လေးနက်နေသည်။

“ အတန်းခေါင်းဆောင် လာပြီး စာရွက်တွေကို ဝေပေးလိုက်”

ရူပဗေဒဆရာမသည် နောက်ဘက်သို့လှမ်းမကြည့်မှီ အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။

“ ဖူ ကျို့ ငါနဲ့လိုက်ခဲ့”

ကျောင်းသားများသည် ဤ အလွန်ဝေခွဲရခက်သော သဘောထားကြောင့် ဇဝေဇဝါဖြစ်သွားပြီး အားလုံး၏မျက်နှာများမှာ တွေဝေမှိန်းမော နေတာ့သည်။

ဆရာအားလုံးသည် ဖူကျို့ကို ချီးမွမ်းခန်းမဖွင့်ခင်တွင် အမှတ်များကိုထုတ်ပြောခဲ့ကြသည်။

သို့သော် ရူပဗေဒဆရာမ ဝင်လာသောအခါ ဤပုံစံဖြစ်နေရာ.....

ဖူကျို့အမှတ်အရမ်းနည်းနေလို့များလား
မဟုတ်လောက်ဘူး

အရင်တုန်းက ဖူကျို့အမှတ်ဘယ်လောက်နည်းနည်း ဆရာမက ဘာမှမထူးခြားသလိုပဲ အမြဲနေခဲ့တာလေ
ဆရာမက ဖူကျို့ကိုအစောကတည်းက လက်လျှော့ပြီးသားဆိုတာ  အားလုံးသိပြီးသား၊ ပြီးတော့ “သူ” အမှတ်ဘယ်လောက်ရရ သူမ ဂရုမစိုက်ခဲ့တာပဲ။

ဒါပေမဲ့ ဒီနေ့ဆရာမရဲ့အပြုအမူက အမှတ်ကြောင့်လို့တော့မထင်ရဘူး.....

ဒါဆို အမှတ်ကြောင့်မဟုတ်ရင် ဘာကြောင့်များဖြစ်မလဲ
ဖူကျို့သည် သူမ၏မျက်ခုံးကိုပင့်ကာ စာအုပ်ကိုချထားလိုက်ပြီး ခါးမတ်မတ်ဖြင့် အခန်းအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

ရူပဗေဒဆရာမသည် စကားအများကြီး မပြောချေ။ လမ်းလျှောက်လာရင်း သူမ၏မျက်နှာပေါ်တွင် ပြုံးရိပ်တစက်ကလေးပင် ရှိမနေပေ။ သူမသည် ကောင်လေးကို အဆင့်သတ်မှတ်ချက်ရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားတော့သည်။

ဖူကျို့သည် အခန်းထဲသို့မဝင်မှီ အတွင်းဘက်မှ ငြင်းခုံပွက်လောရိုက်သံများ ကြားလိုက်ရသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now