အပိုင်း (၁၁၅) သခင်လေးချင်ရဲ့မနာလိုဝန်တိုမှုမြင့်မားလာခြင်း

1.3K 132 0
                                    

အပိုင်း (၁၁၅) သခင်လေးချင်ရဲ့မနာလိုဝန်တိုမှုမြင့်မားလာခြင်း

တင်းနစ်တစ်ပွဲဆော့ပြီးချိန်တွင် ဘေးဘက်မှာရှိနေသည့် နည်းပြတောင်မှ ဒီပြိုင်ပွဲဟာ အတော်လေး အံ့ဩမှင်တက်ဖို့ကောင်းတာကို ဝန်ခံမိသွားသည်။

ကျိန်းသေတာကတော့ ကြီးမြတ်လှသော သခင်လေးချင်ဟာ အနိုင်ရရှိသွားတယ်ဆိုတာပါပဲ။

ဖူကျို့က ကြံ့ခိုင်မှုပိုင်းမှာ ချင်မော့ထက် အားနည်းတာကြောင့် ဒုတိယပွဲတစ်ဝက်တွင် သူမ၏ နဖူးက ချွေးများနှင့် ပြည့်နေပြီဖြစ်သည်။ သူမ၏ ငွေရောင်ဆံနွယ်များတောင်မှ ချွေးများကြောင့် နားရွက်ဆီ၌ ကပ်နေလေသည်။ ဖူကျို့က သူမလက်ကို မြှောက်လိုက်ပြီးတော့ ချွေးများကို သုတ်ပစ်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ

"အစ်ကိုမော့ ငါတို့ခဏလေး နားရအောင်ဟာ ခဏလေးကြာမှ နောက်တစ်ပွဲ ထပ်ကစားကြတာပေါ့"

ချင်မော့သည် ဖူကျို့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီးတော့ ရေခွက် ကမ်းပေးလိုက်ပေသည်။ ဖူကျို့က အမှန်တကယ်တော့ ရေအတော်လေးဆာနေပြီဖြစ်သည်။ လူသားများ၏ ခန္ဓာကိုယ်ဟာ အားကစားလုပ်ပြီးချိန်တိုင်း ရေဓာတ်လိုအပ်သည်။ ထို့ကြောင့် သူမက ရေခွက်ကို ယူလိုက်ပြီးတော့ တစ်ငုံနှစ်ငုံ သောက်လိုက်လေသည်။

ဧည့်ကြိုဟာ ထပ်ပြီးတော့ ရှော့ခ်ရပြန်လေတယ်။

သူဟာ သူ့နံဘေးမှာရှိနေသော လူငယ်လေးကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ခိုးကြည့်လိုက်မိပေ၏။

ဒီနေ့ သခင်လေးချင် သောက်ရမ်းထူးဆန်းနေတာပဲဟ။ သူ ဒီနေ့အရင်ကလို သိပ်ဇီဇာကြောင်မနေဘဲနဲ့ လိုက်လိုက်လျောလျော ရှိနေတယ်ဟ။

ဖူကျို့က ရေသောက်နေဆဲမှာပဲ ချင်မော့က ရေလုံးဝမသောက်ရသေးဘူးဆိုတာကို သတိထားလိုက်မိတာကြောင့် ချင်မော့ဆီ ရေခွက်ကမ်းပေးလိုက်ပေသည်။

ဧည့်ကြိုကတော့ ထိုမြင်ကွင်းကို မြင်ပြီး အတွေးကမ္ဘာထဲ နစ်သွားခဲ့လေပြီ။

မင်းသောက်ထားတဲ့ ရေခွက်ကို သခင်လေးချင်ဆီ ကမ်းပေးတယ်။ သခင်လေးချင်က ကျိန်းသေပေါက် ငြင်းပြီးတော့ မင်းမျက်နှာကို ရေနဲ့ပက်လိမ့်မယ်ကွ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now