အပိုင်း (၁၇၆) သူမကို သူ့ခန္ဓာကိုယ်နဲ့ဖိထားခြင်း

1K 79 1
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၇၆) သူမကို သူ့ခန္ဓာကိုယ်နဲ့ဖိထားခြင်း

ထိုစိတ်ကူးတို့ကြောင့် ချင်မော့သည် သူ့မျက်ခုံးတို့ကို တင်းတင်း ကျုံ့ထားမိလိုက်သည်။ သူ၏မျက်လုံးနက်တို့သည် အခန်း၏အလင်းကို ပြန်နေသယောင်။

ချင်မော့သည် ဘာမှပြန်မပြောသည့်အတွက် ဖူကျို့သည် ပို၍ကပ်လာလေသည်။

သို့သော် သူမ၏ လှုပ်ရှားမှုအနည်းငယ်ကြောင့် ထိုလူသည် လက်တဖက်ထဲဖြင့် သူမကို သူ၏ခန္ဓာကိုယ်အောက်တွင် ဖိထားလိုက်သည်။

သူသည် သူမ၏ အပေါ်တွင်ရောက်နေပြီး သူ့လက်ဖြင့် သူမ၏ခါးကိုဆုပ်ကိုင်ထားသောကြောင့် သူ့အသက်ရှူသံတို့မှာ ပြင်းထန်၍ နေလေတော့သည်။

အိပ်ခန်းအတွင်းတွင် အပြင်ဘက်မှ ကျလာသော မှိန်ပြပြ အလင်းရောင်သာရှိနေသည်။ ထို့အပြင် မှောင်အတိကျနေရာ ချင်မော့၏မျက်လုံးတို့သည် ပို၍စူးရှနေပုံ ထင်ရသည်။ သူသည် အမဲလိုက်နေဏက် ကြောက်ခမန်းလိလိ လှပသောအရှိန်အဝါတစ်ခုကို ထုတ်တော့မည့် သတိအနေအထားဖြင့် ရှိနေသောသားရဲတကောင်၏ အသွင် ဆောင်နေတော့သည်။

သူတို့နှစ်ယောက်သည် အလွန်နီးကပ်စွာ ရှိနေသောကြောင့် ဖူကျို့သည် ထိုလူ၏ အလွန်ရှည်လျားနက်မှောင်သော မျက်တောင်များကိုမြင်နေရကာ....

သူသည် အလွန်နက်သောရေတွင်းထဲမှ ရေကဲ့သို့သော မျက်လုံးများဖြင့် သူမကိုကြည့်နေသည်။ သူတို့သည် အလွန်ဆွဲဆောင်မှုရှိနေလေရာ လူတွေက သူတို့ကို အလွယ်တကူ ပစ်ကြွေသွားလောက်လေသည်။

“နောက်တချက်ထပ်လှုပ်တာနဲ့ မင်းကို အပြင်ဆွဲထုတ်ပြီပဲ၊ အခုချက်ချင်း မင်းမျက်လုံးတွေကိုမှိတ်ပြီး အိပ်လိုက်တော့”

သူ့လက်ချောင်းတွေမှာ အားပိုထည့်ထားပြီး သူ့အသံကလဲ အပြည့်အဝ သတိပေးနေတဲ့ပုံ ပေါ်နေသည်။

ထိုနောက်တွင် ချင်မော့သည် ဖူကျို့ရင်ဘက်ကို ဖိချထားလိုက်တော့သည်။

ထိုစက္ကန့်ပိုင်းအတွင်းတွင် ထိုလူဆီမှ ဆေးလိပ်နံ့က သူမနှာခေါင်းထဲတိုးဝင်လာပုံမှာ တချိန်ထဲတွင် ရင်းနှီးနေဟန် ထူးဆန်းနေပြန်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now