အပိုင်း (၁၄၄) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့စကားလုံးတွေက ပါးဖြတ်ရိုက်ခံရသလိုနာတယ်

1K 95 0
                                    

အပိုင်း (၁၄၄) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့စကားလုံးတွေက ပါးဖြတ်ရိုက်ခံရသလိုနာတယ်

ကွန်ပျူတာရှေ့မှာထိုင်ရင်းဖြင့် ချင်မော့ဟာ စခရင်မှာပေါ်နေတဲ့ fri request အားကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေဟာ မထူးမခြားနာစွာဖြင့် ဘေးမှာရှိတဲ့ရေခွက်ကို ကောက်ယူလိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။  ချင်မော့ဟာ ဖူရှီမင်ကို ချက်ချင်းစာမပြန်ပေ။

ဖူကျို့က ဖူရှီမင်က သူမရဲ့အကောင့်ကို စိတ်ဝင်စားနေတယ်ဆိုတာကို သိပင်မသိချေ။ ချင်မော့ရဲ့အကောင့်ကို ဆော့ကစားရင်းဖြင့် အလုပ်များနေသော ဖူကျို့က ခုနကဘော့စ်အား သတ်ရာမှရလာတော့ အိုင်တမ်များကို စစ်ကြည့်နေသည်။  ထိုသို့စစ်ကြည့်နေရင်းဖြင့် ဖူကျို့ရဲ့မျက်နှာပေါ်တွင် ခံ့ညားလှပသောအပြုံးလေးတစ်ပွင့် ဖြစ်တည်လာသည်။

"အစ်ကိုမော့ ငါလေးတို့ ကံတော်တော်ကောင်းတာပဲဟ"

ချင်မော့ဟာ ဂရုမစိုက်လေဟန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်အားလှုပ်ရှားကာ ဖူရှီမင်အားစာပြန်လိုက်သည်။

သေချာတာပေါ့ ဖူရှီမင်ရဲ့ကမ်းလှမ်းချက်ကို ချင်မော့ မငြင်းခဲ့ပေ။ ဒီအစား ချင်မော့ဟာ ဖူရှီမင်အား တန်ရာတန်ကြေးအတွက် ငွေပမာဏတစ်ခုတောင်းဆိုလိုက်သည်။

ဒါပေမဲ့ အခြားတစ်ဖက်မှ ဖူရှီမင်ရဲ့မျက်နှာကတော့ Spade Zကမ်းလှမ်းလာတဲ့ငွေကြေးတန်ဖိုးကိုမြင်ပြီး ဒေါသကြောင့် တဆတ်ဆတ်တုန်လာတော့၏။  ကီးဘုတ်အား တဖြောင်းဖြောင်းမြည်အောင် ကြမ်းတမ်းစွာရိုက်၍

"ဆယ်သန်း Spade Z ဒီကောင်ကွာ မင်းကတော့ တကယ့် လေလုံးထွားတဲ့အကောင်ပဲ"

ချင်မော့ဟာ စီးပွားရေးလောကရဲ့ဘုရင်တစ်ဆူသဖွယ် အေးစက်တည်ငြိမ်လှတဲ့သူ့ရဲ့ပင်ကိုယ်ပုံရိပ်အား ထိန်းထားဆဲဖြစ်ပြီး မထူးမခြားနားတဲ့လေသံဖြင့်

"မင်း ဒီ ဆယ်သန်းလောက်လေးကိုတောင်မတတ်နိုင်တာ မင်းကိုယ်မင်း ဘာများထင်နေလို့လဲ ကုမ္ပဏီပိုင်ရှင်သူဌေးကြီးလို့ ထင်နေလို့လား ဒီလောက်လေးကိုတောင်မတတ်နိုင်ရင် မင်းမှာ ငါနဲ့ကြားမှာ အပေးအယူလုပ်ဖို့ ထပ်လိုသေးလို့လား"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now