966 - 970

273 21 0
                                    

Super God Gene (966)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၆၆)
-------- --------- -------- ------- --------
" အိုး ဘုရားသခင်၊ ဒီကောင်က ဘာကောင်လဲ "

လီယုထန်က တအံ့တဩ မေးလိုက်တယ်။

ကြည့်လိုက်တော့ ဘတ်စ်ကားတစီးစာလောက် ကြီးမားတဲ့ ပိုးကောင်တစ်ကောင်ဟာ မြေကြီးအောက်ကနေ အော်ဟစ်ပြီး ထွက်လာတယ်။ သူ့မှာ လက်တံတွေအများကြီးရှိပြီး လက်တံတခုစီဟာ ဆူးပင်တွေလိုမျိုး မွဲခြောက်ခြောက်အရောင်အသွေးရှိတယ်။ ဟန်ဆန်းက လက်တံတချောင်းကို ထိုက်အိုင်းဓားနဲ့ လှီဖြတ်လိုက်တယ်။ သားရဲဟာ ဒေါသထွက်သွားပြီး ဟန်ဆန်းကို အငြိုးတကြီး ခုန်အုပ်လိုက်တယ်။

ဝက်ဝံဖြူ ဟာ ပိုးကောင်ရဲ့ ဦးခေါင်းပေါ်မှာ ရပ်နေတယ်။ သူဟာ ထိခိုက်ဒဏ်ရာရသလိုမျိုး ဟန်မဆောင်တော့ဘဲ သူ့ရဲ့ အခြေအနေမှန်ကို ထုတ်ဖော်ခဲ့တယ်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ သူ့အမူအရာက နောက်ယောင်ခံလိုက်လာခဲ့တဲ့ ဟန်ဆန်းတို့နှစ်ယောက်ကို စိတ်တုန်လှုပ်စေခဲ့တယ်။ 

ဟန်ဆန်းဟာ ပိုးကောင်နှင့် ဝက်ဝံကို ကြည့်ပြီး အံ့သြသွားတယ်။ မျိုးစိတ်မတူညီတဲ့ သားရဲနှစ်ကောင် အတူတူ ပူးပေါင်းအမဲလိုက်တာမျိုးကို သူဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။

" မင်း ခဏ ရှောင်နေလိုက် "

ဟန်ဆန်းက လီယုထန်ကို အမိန့်ပေးလိုက်ပြီး ထိုက်အိုင်းဓားကို တင်းတင်း ဆုပ်ရင်း ဝက်ဝံကို ပြေးဝင်တိုက်ခိုက်လိုက်တယ်။

ဟန်ဆန်းကို ဖမ်းဖို့အတွက် ဝက်ဝံက ပိုးကောင်ကြီးကို လက်တံတွေအသုံးပြုဖို့ အမိန့်ပေးလိုက်တယ်။

ဒါပေမဲ့လဲ လက်တံတွေလှီးဖြတ်ခံလိုက်ရတာကြောင့် ပိုးကောင်ကြီးဟာ ဟန်ဆန်းပြေးဝင်လာတာကို မတားဆီးမဟန့်တားနိုင်ခဲ့ဘူး။ ဟန်ဆန်းကလဲ ပိုးကောင်ကြီးတားဆီးလို့ မရအောင် ထိုက်အိုင်းဓားကို ရေပက်မဝင်အောင် ဝှေ့ယမ်းလာခဲ့တယ်။ သူဟာ လေမုန်တိုင်းကြီးတခုကို သယ်ဆောင်လာသလိုမျိုး ဝက်ဝံဖြူ ဆီ ဆက်ပြေးသွားခဲ့တယ်။

ကျူ းကျော်သူရဲ့ ဖြုံလောက်တဲ့ အစွမ်းကြောင့် ဝက်ဝံဟာ အံ့အားသင့်သွားပြီး ဆူးပိုးကောင်ကြီးပေါ်ကနေ ခုန်ချလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now