1666 - 1670

81 9 0
                                    

Super God Gene (1666)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၆၆)
-------- --------- -------- ------- ------
ဟန်ဆန်းရဲ့ဓားချက်ဟာ အတော်လေးကောင်းတယ်။ ဒါပေမဲ့ ရှေးဟောင်းမိစ္ဆာဧကရာဇ်က မတုံ့ပြန်ခဲ့ဘူး။ 

ဟန်ဆန်းဟာ ရှေးဟောင်းမိစ္ဆာဧကရာဇ်က အရိုးစုန်းကို ဘယ်လိုသ-တ်ခဲ့တယ်ဆိုတာကို မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ရဲတိုက်မှာနေထိုင်သူတွေကို နောက်ထပ်မထိခိုက်အောင်၊ အေ-သအပျော-က်မရှိအောင် သူ့ကို သ-တ်ပြီး တားဆီးပေးရမှာ ဖြစ်ပါတယ်။

ရှေးဟောင်းမိစ္ဆာဧကရာဇ်က ဘာမှ မလုပ်ဘဲ မြည်းဖြူ ကပဲ လှုပ်ရှားတိမ်းရှောင်နေတယ်။ အဲဒါက ဟန်ဆန်းကို ခေါင်းခဲစေခဲ့ပါတယ်။

ဟန်ဆန်းဟာ ကြိုတင်ခန့်မှန်းနိုင်စွမ်းနဲ့ ကြိုတင်ဆုံးဖြတ်နိုင်စွမ်းမှာ အထူးကောင်းမွန်တယ်။ အခုလဲ ဖြစ်နိုင်ခြေတွေကို ကြိုတင်တွက်ချက်ပြီး ရှေးဟောင်းမိစ္ဆာဧကရာဇ်ကို အရိပ်ခွဲဓားနဲ့ ခု-တ်ခဲ့တာပါ။ သူ့ဓားချက်ဟာ လွဲစရာအကြောင်းမရှိပါဘူး။ 

ဒါပေမဲ့ အခုတော့ မြည်းဖြူက သူ့ဓားချက်ကို အေးအေးဆေးဆေးပဲ ရှောင်သွားခဲ့တယ်။ ဒါက သူ မျှော်လင့်ထားတဲ့မြင်ကွင်းမဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကြိုတင်ခန့်မှန်းတယ်ဆိုတာက လွဲတတ်တယ်၊ မဟုတ်ပါလား။  

ဟန်ဆန်းဟာ ရှေးဟောင်းမိစ္ဆာဧကရာဇ်ကို အရိပ်ခွဲဓားနဲ့ ထပ်မံတို-က်ခို-က်ခဲ့တယ်။ သူဟာ မတို-က်ခို-က်ခင်ကတည်းက ဘယ်နေရာတွေကို တို-က်ခို-က်ရမယ်ဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်ပြီးမှ တို-က်ခို-က်ခဲ့ပါတယ်။  

ဒါပေမဲ့ ရှေးဟောင်းမိစ္ဆာဧကရာဇ်ကတော့ ထိုင်ရာကတောင် မထခဲ့ပါဘူး။ ဟန်ဆန်းရဲ့ဓားချက်တွေကို မြည်းကပဲ ရှောင်တိမ်းနေခဲ့ပါတယ်။

ဟန်ဆန်းဟာ မျက်နှာသုန်မှုန်သွားပြီး ကူချင်းချိန်ဟာ အလွန်အံ့အားသင့်သွားပါတယ်။

ဟန်ဆန်းရဲ့ဓားချက်တွေဟာ ပြီးပြည့်စုံတယ်လို့ ဘုရင်မ ထင်ခဲ့တယ်။ ဒါပေမဲ့ မြည်းကတော့ သက်သောင့်သက်သာပဲ ရှောင်တိမ်းနေနိုင်ခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now