1331 - 1335

196 15 0
                                    


Super God Gene (1331)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၃၁)
-------- --------- -------- ------- -------
စားဖိုမှူ းနဂါးမယ်ဟာ နောက်ဆုံးမှာ လှုပ်ရှားလိုက်ပေမဲ့ မျက်လုံးသုံးလုံးဧကရာဇ်ခန့်မှန်းထားတဲ့အတိုင်းတော့ မဟုတ်ပါဘူး။ အဲဒီအစား သူမက လွတ်နေတဲ့ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်ရာ လက်ဝါးပေါ်မှာ တောက်ပတဲ့မီးတောက်တခု ရုတ်တရက် ဖြစ်ပေါ်လာပါတယ်။ သူမဟာ မျက်လုံးသုံးလုံးဧကရာဇ်ရဲ့ဦးခေါင်းကို ဘယ်လက်နဲ့ ဖမ်းဖို့ ကြိုးစားလိုက်သလိုပဲ။

" ထွီ... ဒီလောက်နဲ့ တက်မလာနဲ့... အဲဒီအမြန်နှုန်းနဲ့ ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေလား... "

မျက်လုံးသုံးလုံးဧကရာဇ်က အလျင်အမြန် ရှောင်တိမ်းရင်း မထီမဲ့မြင်ပြောလိုက်တယ်။

ဒါပေမဲ့ နဂါးမယ်ဟာ အံ့ဩစရာကောင်းလောက်အောင် မြန်တယ်။ မျက်လုံးသုံးလုံးဧကရာဇ်ဟာ သူမကို တတိယမျက်လုံးနဲ့ အနှေးကြည့် ကြည့်ပြီး ရှောင်တိမ်းဖို့ ကြိုတင်ပြင်ဆင်ထားပေမဲ့ မရှောင်နိုင်ခဲ့ဘူး။

မျက်လုံးသုံးလုံးဧကရာဇ်ဟာ ထိတ်လန့်သွားတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ စဉ်းစားရင်း ငုံကြည့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ဟာ အင်မတန်ကြီးမားတဲ့ ခက်ရင်းခွကြီးတခုရဲ့ ခွကြားတခုထဲကို ရောက်နေသလိုမျိုး မြင်လိုက်ရတယ်။ တံစို့နဲ့ အထိုးခံထားရသလိုမျိုး ဖြစ်နေတယ်လို့ပြောရင် ပိုမှန်ပါတယ်။ 

မျက်လုံးသုံးလုံးဧကရာဇ်ဟာ ခက်ရင်းခွဘယ်လိုပေါ်လာပြီး သူဘယ်လိုအထိုးခံလိုက်ရတယ်ဆိုတာကို မသိခဲ့ပါဘူး။

ဒါပေမဲ့လဲ သူဟာ မီးတောက်ပေါ်မှာ ကြက်ကင်သလို အကင်ခံနေရတာကြောင့် ဒီအကြောင်းအရာကို တွေးတောနေဖို့ အချိန်မရှိပါဘူး။ ပြီးတော့ သူမဟာ သူ့ခေါင်းကို ကိုင်ဖို့ လုံးဝမကြိုးစားခဲ့ဘူးဆိုတာကို အခုမှ သိလိုက်ရတယ်။ တကယ်တော့ သူမဟာ ခက်ရင်းခွကို ကိုင်ဖို့ လက်မြှောက်လိုက်တာပါ။ သူကသာ အဓိပ္ပာယ်ကောက်မှားခဲ့တာပါ။ ဒီအမှားဟာ သူ့အတွက်တော့ အကြီးကြီးပေးဆပ်လိုက်ရတဲ့ အမှားပါပဲ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now