1111 - 1115

193 17 2
                                    


Super God Gene (1111)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၁၁)
-------- --------- -------- ------- --------
စူပါရှိခိုးကောင်သေဆုံးသွားတဲ့အခါ ကျန်တဲ့ရှိခိုးကောင်တွေဟာ သုတ်သုတ်ပျာပျာနဲ့ အလုအယက် ထွက်ပြေးသွားကြပါတယ်။

ဟန်ဆန်းက သူတို့ကို ဂရုမစိုက်ဘဲ လျစ်လျူ ရှုကာ သွေးဥသစ်ပင်ကို စစ်ဆေးဖို့ ခြံဝင်းထဲကို ပြန်သွားခဲ့တယ်။

ဟန်ဆန်းဟာ အသီးတွေ မှည့်မမှည့် မသိသေးပေမဲ့ ဒီအသီးတွေက ခါတိုင်းသူတွေ့နေကျအသီးတွေနဲ့ မတူတာကိုတော့ သတိထားမိပါတယ်။

ဟန်ဆန်းက အသီးတလုံးကို ခူးပြီး ခွဲကြည့်လိုက်တယ်။

ဒါက သွေးနဂါးသီးတုန်းက သူလုပ်ခဲ့တဲ့ ပုံစံအတိုင်း လုပ်ကြည့်လိုက်တာပါ။ အဲ့ဒီတုန်းက သူဟာ သွေးနဂါးမြွေကိုရရှိခဲ့ပါတယ်။ ဒီသစ်ပင်ကနေ ဘယ်လိုသားရဲဝိညာဉ်တွေ မွေးဖွားလာမယ်ဆိုတာ သူသေချာမသိပေမဲ့လဲ လုပ်ထုံးလုပ်နည်းကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး။ 

သွေးဥတွေဟာ ကြက်ဥအစစ်နဲ့တူပြီး ကွဲသွားတဲ့အခါ အနီရောင်အလင်းတန်းတခု ထွက်ပေါ်လာပါတယ်။

အနီရောင်အလင်းတန်းက အတောင်ပံတွေပါတဲ့ မျောက်တစ်ကောင်ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေပြီး ခဏတာမြင်ရပြီးနောက် ပျောက်ကွယ်သွားခဲ့တယ်။

“ သွေးနတ်ဆိုးအသီး မရင့်မှည့်သေးသဖြင့် သားရဲဝိညာဉ်ဖန်တီးခြင်း မပြီးမြောက်ပါ ''

“ ဒါက သားရဲဝိညာဉ်မျိုးရိုးဗီဇသစ်ပင်ပဲ၊ ဒါပေမဲ့ အသီးတွေက ဘယ်အချိန်မှ မှည့်မလဲ မသိဘူး ''

ဟန်ဆန်းဟာ ကြေညာသံကို ကြားပြီးနောက် မှတ်ချက်ချလိုက်တယ်။ 

သူနဲ့ ရှိခိုးကောင်တွေ မတူတာက၊ သူက သူတို့လို ဒီနေရာမှာ နေပြီး သွေးနတ်ဆိုးပင်ကို အချိန်ပြည့် စောင့်နေဖို့ မလိုပါဘူး။ သူက သွေးနတ်ဆိုးပင်ကို ရေစက်လေးတွေနဲ့ လောင်းပေးလိုက်ရုံပါပဲ။

ဒါပေမဲ့ ကံဆိုးတာက၊ သူက ရေစက်အများစုကို ပျံသန်းမှိုကို လောင်းဖို့ ဇီရိုးကို ပေးခဲ့တယ်။ အဲ့ဒါကြောင့် သူမဟာ ပျံသန်းမှိုကို ဆက်လက်ကြီးထွားအောင် စိုက်ပျိုးနိုင်ခဲ့တယ်။ သူဟာ တတိယနတ်ဘုရားကမ္ဘာကို ရောက်နေတာ သုံးနှစ်ရှိခဲ့ပြီ။ ဒီသုံးနှစ်အချိန်အတွင်း ရေစက်အတော်များများကိုလဲ အသုံးပြုခဲ့ပြီးပါပြီ။ ဒါကြောင့် နောက်ထပ် ရေစက်အသစ်တွေကို အနှေးနဲ့အမြန် စုဆောင်းရတော့မယ်လို့ သူထင်ပါတယ်။ (ဟန်ဆန်းသည် ပျံသန်းမှိုကို အခန်း ၉၆၂ တွင် ရရှိခဲ့သည်။)

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now